မြို့တော်ခန်းမရှေ့က သပိတ်စခန်း ဖြိုခွဲခံရ

2014-03-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
machoungkan-305
machoungkan-305
Photo: RFA

စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန်ရဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့က စည်ပင်သာယာ ဝန်ထမ်းတွေနဲ့ အရပ်သား တချို့ခေါ်လာပြီး အမိုးအကာတွေ အခု မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ ဝင်ရောက်ဖျက်သိမ်း လိုက်ပါတယ်။

အလားတူ ဝါဝါဝင်းကုမ္ပဏီက မြေသိမ်းထားတာကို သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ယာအနီးက သပိတ်စခန်းရဲ့ အမိုးအကာတွေကိုလဲ ဒီမနက်အစောပိုင်းမှာပဲ အာဏာပိုင်တွေက ဝင်ရောက်ဖျက်သိမ်းလိုက်ပါတယ်။

မြို့တော်ခန်းမရှေ့က မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းဖျက်သိမ်းခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။

ကွန်မင့်များ (3)
Share

ငှဲ ငှဲ ငှဲ

ညံ့ပါ့ ..အောင်သိန်းလင်း ရာ။
သပိတ်စခန်းမှာ လူစုနေတုန်း သန်းခေါင်စာရင်းကောက်ပြီးမှ ဖြိုခွဲပါလား။ နိုင်ငံတော်စီမံကိန်းကို တဘက်တလမ်းက ကူညီရာ ရောက်တာပေါ့။

Mar 30, 2014 08:44 PM

အမည်မဖော်လိုသူ

မီးခိုးထွက်တဲ့ “ဟ၀ှါ”နဲ့ အပစ်မခံရတာ သက်သာတယ် မှတ်ပါ။

Mar 30, 2014 03:08 AM

အမည်မဖော်လိုသူ

“ပတ်ကြမ်း”တိုက်ပြီ ဟေ့။
“ဗိုလ်ချုပ် နော် .. တေဇ နော် ..” (ဘယ်ဗိုလ်ချုပ်ပါလိမ့် ။ ဘယ် တေဇ ပါဘိမ့်..။)

Mar 30, 2014 02:38 AM

ဆိုက်တခုလုံးသို့