လာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ မနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့ သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့ သိရပါတယ်။