မလေးရှားက ပြန်နှင်ထုတ်မှာကို မြန်မာတွေ စိုးရိမ်နေ

RFA Burmese
2024.03.14
မလေးရှားက ပြန်နှင်ထုတ်မှာကို မြန်မာတွေ စိုးရိမ်နေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ်။
Jabatan Imigresen Malaysia

မလေးရှားမှာ အထောက်အထားမရှိလို့ အဖမ်းခံထားရတဲ့သူတွေဟာ အစိုးရရဲ့ အိမ်ပြန်ပို့မယ့် အစီအစဉ် သစ်ကြောင့် စိုးရိမ်နေကြပြီး မြန်မာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ အေးရှားနယူးစ်သတင်း မှာ မနေ့က ဖော်ပြထားပါတယ်။

တရားမဝင်ရောက်နေလို့ အဖမ်းခံထားရတဲ့သူတွေ ဒဏ်ငွေဆောင်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်ရင် ထောင်ဒဏ်မခံရဘူးဆိုတဲ့ အစီအစဉ်သစ်တစ်ရပ်ကို မလေးရှားအစိုးရက ဒီမတ်လဆန်းမှာ ချမှတ်လိုက်ပါတယ်။

"ဒီအစီအစဉ်သစ်အရ ဘယ်သူမှတရားစွဲထောင်ချမခံရဘူး" လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဓာတု ရုစလင် ဂျူဆိုး က ပြောပါတယ်။

အစီအစဉ်ကိုလက်ခံတဲ့သူဟာ ဒဏ်ငွေအဖြစ် မလေးရှားရင်းဂစ် သုံးရာကနေ ငါးရာကြားပေးဆောင်ရမှာဖြစ်ပြီး၊ လေယာဉ်လက်မှတ်အပြန်တစ်ကြောင်းစာ ပြရမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား သုံးသိန်းလောက် ရှိနေပါတယ်။ ပြည်တွင်းစစ်ကြောင့် ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ရမယ်ဆိုရင် အန္တရာယ်ရှိနေပါတယ်။ မလေးရှားအစိုးရက သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုပါဘူး။

ပြည်ထဲရေးဌာနရဲ့ သတင်းအချက်အလက်အရ တရားမဝင်နိုင်ငံခြားအလုပ်သမားခြောက်သိန်းထဲက လူ ရှစ်ရာကို ပြန်ပို့ပြီးပြီလို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်နေတဲ့သူဟာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်နှစ်နဲ့ ကြိမ်ဒဏ် ခြောက်ချက် ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။