မြန်မာအပေါ်ပိတ်ဆို့အရေးယူရေး အမေရိကန်လွှတ်တော်မှာ တားဆီးထား

2018-07-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၂  ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်ဆိုင်ရာရွှေတံဆိပ်ဆု ချီးမြှင့်သည့်အခမ်းအနားမှတ်တမ်းဓာတ်ပုံ
၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်ဆိုင်ရာရွှေတံဆိပ်ဆု ချီးမြှင့်သည့်အခမ်းအနားမှတ်တမ်းဓာတ်ပုံ
AFP

မြန်မာနိုင်ငံက တပ်မတော်အရာရှိကြီး တချို့ကို ပစ်မှတ်ထား အရေးယူရေးနဲ့၊ ခရီးသွားလာခွင့် ကန့်သတ်ထားတဲ့ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ အတည်မပြုနိုင်အောင် အဓိက ပိတ်ပင်ထားသူဟာ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ်ချ်-မက်ကော်နယ် ဖြစ်တယ်လို့ ဒီနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းကို ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘင်ဂျမင်ကာဒင် တို့က ရေးဆွဲခဲ့တာဖြစ်ပြီး အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထောက်ခံထားပြီး ဖြစ်ပါတယ်။

အလားတူ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဖို့ ပါဝင်တဲ့ ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က မေလက အတည်ပြုထားပြီး၊ ဥပဒေကြမ်း ၂ ခု ပူးပေါင်း အတည်ပြုရေးကိစ္စမှာ အခုလို အချိန်ကြာမြင့်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော် သတင်းရပ်ကွက်တွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားပါတယ်။

အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် မစ္စတာမက်ကောနယ်လ်ဟာ  မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ၂၅ နှစ်ကျော်ကြာ ဦးဆောင် ကြိုးပမ်းခဲ့သူတဦး ဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အလွန်ခင်မင် လေးစားသူတဦးဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့