မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာမှာ ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ ရဲအရာရှိလေ့ ကျင့်ရေးကျောင်း ဆောက်လုပ်ဖို့ သိမ်းယူထားတဲ့ ယာမြေဧက ၃ ထောင်အတွက် လျော်ကြေးရရှိဖို့နဲ့ ပိုလျှံမြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ဇီးပင်ကြီးကျေးရွာမှာ ကျင်းပတဲ့ ဒေသခံတောင်သူ ၅၀ ကျော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွာသား ဦးညို က အစိုးရအနေနဲ့ စိစစ်ြပီး တောင်သူတွေဆီကို ယာမြေတွေ ပြန်ပေးစေချင်ကြောင်း ပြောပါတယ်။
"ဒီနှစ်ကျမှ ကျနော်တို့ ဒါကိုလုစိုက်တာ၊ လုစိုက်တဲ့အခါတောင်မှ သူတို့တဲတွေက မဖျက်ပါဘူး၊ ဝန်ထမ်းတွေ က တောင်သူလုပ်စားနေပါတယ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းဆိုပြီးတော့ တောင်သူလုပ်စားနေတဲ့ ဝန်ထမ်းတွေ အများကြီးရှိပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ စိစစ်ပြီးတော့ ကျနော်တို့ တောင်သူတွေကို ဒီခြံလေးတွေ ပြန်ပေးစေချင်တယ်"
ဇီးပင်ကြီးကျေးရွာက တောင်သူ ၃၀၀ ကျော် ပိုင်ဆိုင်တဲ့ ယာမြေဧက သုံးထောင်ကို ၁၉၉၅ ခုနှစ်က ဗဟိုမီးသတ် သင်တန်းကျောင်း၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် တို့ တည်ဆောက်ဖို့အတွက် သိမ်းယူခဲ့ တာဖြစ်ပါတယ်။
အဲဒီကျောင်း ၃ကျောင်းကို ဧက တစ်ထောင်နီးပါးမှာ ဆောက်လုပ်ထားပြီး ပိုလျှံတဲ့မြေနေရာတွေကို သီးစားချငှား ရမ်းထားတာဖြစ်တယ် လို့ တောင်သူတွေက ပြောပါတယ်။
အဲဒီယာမြေတွေကို သိမ်းယူစဉ်က လျော်ကြေးပေးခဲ့ခြင်းမရှိတာကြောင့် ကျောင်း ၃ကျောင်း ဆောက်လုပ်ထား တဲ့ မြေဧက တစ်ထောင်နီးပါး အတွက် လျော်ကြေးပေးဖို့လည်း တောင်းဆိုကြပါတယ်။
သိမ်းယူထားတဲ့ ယာမြေတွေထဲက ဧက ၄၅၀ နီးပါးကို မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြီးခဲ့တဲ့နှစ် က ပြန်လည်စွန့်လွှတ်လိုက် ပြီဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် တောင်သူတွေဆီမရရှိဘူးလို့လည်း တောင်သူတွေ က ပြောပါတယ်။