လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံသွားမည်

လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

အများပြည်သူ အိမ်သုံးမီတာသုံးစွဲခနဲ့၊ အစိုးရဌာနနဲ့ လုပ်ငန်းသုံးမီတာသုံးစွဲခတွေကိုပါ တိုးမြှင့်ကောက်ခံမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က ပြောပါတယ်။

"ဓါတ်အားထုတ်လုပ်တာကိုကာမိအောင် တိုးပြီးကောက်တာ၊ နွေရာသီကျရင်လည်းပေးနိုင်အောင် စီမံထားပါတယ်"

လက်ရှိ အိမ်သုံးမီတာသုံးစွဲခ တစ်ယူနစ်ကို ၃၅ ကျပ်ဖြစ်ပြီး ရုံးသုံးနဲ့ လုပ်ငန်းသုံးမီတာသုံးစွဲခတွေကတော့ တစ်ယူနစ်ကို ၇၅ ကျပ်နှုန်းနဲ့ ကောက်ယူနေတာ ဖြစ်ပါတယ်။

အိမ်သုံးမီတာအတွက် ယူနစ် ၁၀၀ အောက်သုံးစွဲရင် အရင်ဈေနှုန်းအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး ယူနစ် ၁၀၀ အထက်သုံးစွဲရင် တစ်ယူနစ်ကို ၅၀ ကျပ ်နှုန်းကောက်ခံမှာဖြစ်ပါတယ်။ လုပ်ငန်းသုံးနဲ့ ရုံးသုံးမီတာခတွေကတော့ တစ်ယူနစ်ကနေ ယူနစ်ငါးထောင်အထိ တစ်ယူနစ်ကို ၁၀၀ ကျပ်ဖြစ်ပြီး ယူနစ်ငါးထောင်အထက်ကိုတော့ တစ်ယူနစ် ၁၅၀ကျပ်နှုန်း ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။