မြန်မာပရိသတ် စည်းကမ်းဖေါက်မှု အာရှဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်


2014-10-20
Share
myanmar-football-audience-305.jpg အောက်တိုဘာ ၁၇ ရက်နေ့က မြန်မာ U-19 အသင်း ယူအေအီးအသင်းကို အနိုင်ရပြီးနောက် ပရိသတ်တွေ ဘောကွင်းထဲဝင်ရောက်လာစဉ်
Photo: RFA

ပြီးခဲ့တဲ့ မြန်မာနဲ့ ယူအေအီး U-19 ဘောလုံးပွဲမှာ မြန်မာ ပရိသတ်က ပွဲအပြီးကွင်းထဲကို ဝင်ရောက်အားပေး တာဟာ စည်းကမ်းချိုးဖေါက်တာဖြစ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေးကော် မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ ၂ သောင်း ၄ ထောင်နဲ့ နိုင်ငံ တကာပြိုင်ပွဲတွေထဲက ပွဲစဉ်တစ်ခုကို ပရိသတ်မပါပဲ ကျင်းပဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီနေ့ညနေမှာ အကြိုဗိုလ်လုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားမယ့် ကာတာနဲ့ မြန်မာပွဲမှာ ပရိသတ်တွေအနေနဲ့ ကွင်းထဲဆင်းတာတွေ၊ မလိုလားအပ်တဲ့ အပြုအမူတွေထပ်ဖြစ်ရင် ပြစ်ဒဏ် ထပ်တိုးခံရမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းပြန်ကြားရေးတာဝန်ခံ ကိုစိုးမိုးက ပြောပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ ယူအေအီး ဘောလုံးပွဲ ပြီးဆုံးချိန်မှာ မြန်မာအသင်းက ယူအေအီးအသင်းကို အနိုင်ရခဲ့တဲ့အတွက် ပရိသတ်တွေက ဘောလုံးကွင်း မြက်ခင်းပြင်ထဲအထိ ဝင်ရောက်ပြီး အောင်ပွဲခံဂုဏ်ပြုတာတွေ၊ ကစားသမားတွေနဲ့အတူ ဓါတ်ပုံဝင်ရိုက်တာတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့က ယူအေအီးအသင်းကို အနိုင်ရခဲ့တဲ့အတွက် မြန်မာ ယူ ၁၉ အသင်းဟာ နယူးဇီလန်နိုင်ငံမှာကျင်းပမယ့် အသက် ၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့