ကြက်သားနဲ့ ကြက်ဥတွေ နယ်စပ်ဖြတ်ကျော် တင်သွင်းမှုကို ပိတ်ထားလိုက်ပြီး ရောဂါ ဖြစ်ပွားမှု အခြေအနေကို အထူးသတိနဲ့ စောင့်ကြည့်ကြဖို့ နယ်စပ်ဒေသက တိ-မွေး-ကု ဌာနတွေကို အိန္ဒိယ ဗဟိုအစိုးရက နှိုးဆော်လိုက်ပါတယ်။
မြန်မာနိုင်ငံ စစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ တြိပူရပြည်နယ်က ဘဲမွေးမြူရေး ခြံတခြံမှာ အခုလ ၉ ရက်နေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း တြိပူရ ပြည်နယ်အစိုးရက ကြေညာခဲ့ပါတယ်။
တြိပူရပြည်နယ်မှာ တွေ့ရတဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကူးစက်လာတယ်လို့ အိန္ဒိယ ကျန်းမာရေးဌာနက ခန့်မှန်းပြောဆိုပါတယ်။