သတင်းကွန်ရက် အစိုးရကို ကန့်ကွက်

2015-03-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ရက် MJN ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံတွင် အဖွဲ့ကော်မတီရွေးချယ်ရေးအတွက် မဲထည့်နေကြစဉ်။
လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ရက် MJN ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံတွင် အဖွဲ့ကော်မတီရွေးချယ်ရေးအတွက် မဲထည့်နေကြစဉ်။
Courtesy of MJN

အခုသတင်းပတ်တွေအတွင်း ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ အလုပ်သမားဆန္ဒပြပွဲ၊ မြို့တော်ခန်းမရှေ့က ကျောင်း သားသပိတ် ထောက်ခံဆန္ဒပြပွဲနဲ့၊ လက်ပံတန်းမြို့ က ကျောင်းသားဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အာဏာပိုင်နဲ့ စွမ်းအားရှင်တွေ က သိလျက်နဲ့ ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ အတွက် မြန်မာ့သတင်းသမားများကွန်ရက် MJN က မနေ့က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။

ဒီအတွက် ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ သမ္မတ ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့  ပြန်ကြားရေးဝန်ကြီး ဌာနတို့နဲ့ ပတ်သက်တဲ့သတင်းတွေကို ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ရက်အကန့်အသတ် တစ်ခုသတ်မှတ်ပြီး ဖော်ပြခြင်းမပြုပဲ၊ ဘာကြောင့် မဖော်ပြလဲ ဆိုတဲ့အကြောင်းကို ရှင်းပြတဲ့စာသားကိုပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ပြီး မတ်လ ၂၇ နေ့ကနေ ၂၉ ထိ ရန်ကုန်မြို့မှာ  International Press Institute က ကျင်းပမယ့် ညီလာခံကို မြန်မာသတင်းသမားတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေမှာ အစိုးရဆိုင်ရာသတင်းတွေ မဖော်ပြဘူးဆိုတဲ့အပေါ် မှတ်ချက်ပေးစရာမရှိသလို၊ အစိုးရသတင်းတွေကို နိုင်ငံပိုင်မီဒီယာတွေကနေ ဆက်လက်ဖော်ပြသွားမှာဖြစ်ပြီး၊ နိုင်ငံတကာသတင်းညီလာခံကို မတက်ဘဲ သပိတ်မှောက်တာဟာ အစိုးရနဲ့ ဝန်ကြီးဌာနတွေကို ထိခိုက်စရာမရှိဘူးလို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။

ကွန်မင့်များ (2)
Share

(

မိတ်ဆွေသတင်းသမားတွေမှားနေပြီ။ မိတ်ဆွေတို့ဟာ အစိုးရဌာနတွေအတွက် သတင်းဖေါ်ပြဘို့ ငှားထားတဲ့လူတွေမဟုတ်ဘူး။ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတာတွေကို ပြည်သူလူထုသိအောင် တင်ပြပေးနေတဲ့သူတွေ။ အခုလိုအုပ်ချုပ်သူအစိုးရကိုဆန့်ကျင်ဘို့ သတင်းဆင်ဆာလုပ်လိုက်တယ်ဆိုတော့ ဘယ်သူတွေမှာမျက်စေ့ပိတ် နားပိတ်ဖြစ်သလဲ။ ခင်ဗျားတို့ရဲ့စာဖတ်ပရိဿသတ်ဘဲပေါ့။ လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်က ဥရောပနိုင်ငံတခုမှာ နေရာတကာသပိတ်မှောက်ပွဲတွေဆင်နွှဲနေတော့ စင်္ကာပူဝန်ကြီးချုပ် လီကွမ်းယူကြေ ပာတယ်။ ဒီလိုအလုပ်မလုပ်ဘဲ သပိတ်ချည့်မှောက်နေကြတဲ့နိုင်ငံမှာ စီးပွားရေးဘယ်လိုမှ တိုးတက်မှုမရှိနှိုင်ဘူးတဲ့။ အဲဒါချမ်းသာတဲ့နိုင်ငံမှာနော်။ အခု မြန်မာနိုင်ငံမှာ အဲဒီလိုဘဲဖြစ်နေတော့ သူတောင်းစားခွက်ပျောက်တာထက်ဆိုးနေလိမ့်မယ်။ ဘယ်သူမပြုမိမိမှုဘဲမိတ်ဆွေတို့ရေ။ စဉ်းစဉ်းစားစားလဲလုပ်ကြပါဦး။ သပိတ်သပိတ်မှောက်မှောက်ဆိုလို့ မှောက်လိုက်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ မဖြစ်ကြပါစေနဲ့။


Mar 17, 2015 09:32 AM

Thant Sin

နေရပ်- Myanmar

ဗိုရဲထွဠ် ပြောတာ မှန်တယ်လေ။ ဘာဖြစ်လို့ လဲဆို တော့ အာဏာရှင်တွေဟာ အသွင် မပြောင်းခင်တည်းက အကြံကြီးခဲ့တယ်။ သူတို့ ၇ည်ရှည် ရပ်တည်နီုင်ဘို့ အတွက် သတင်းစာ TV စသည်တွေ ကို သူတို့  ပိုင်လုပ်ထားပြီးပြီ နောက် စီးပွားရေဒအရ လည်း ခိုင်မာမှ အောက် ကလူတွေကိုလည်းထိန်းနိုင်အောင် သူတို့  နဲ့ သူတို့ ပါတီ ရံပုံငွေ တောင့်တင်းအောင် နိုင်ငံရဲ့  အဓိက စီးပွားရေး လုပ်ငန်းကြီးတွေ ကို ဦးပိုင် အနေနဲ့ လုပ်ကိုင်နေပြီ ဆိုတော့ ဗိုရဲထွဠ် တို့  ဘယ်ဂရုစိုက်မလဲ။

Mar 15, 2015 08:21 PM

ဆိုက်တခုလုံးသို့