မြန်မာအစိုးရ နိုဘယ်ဆု ရနိုင်တယ်လို့ ဖင်လန် ဝန်ကြီးချုပ်ဟောင်းပြော

2013-03-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။

ဥရောပခရီးစဉ် လှည့်လည်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖင်လန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း မာတီ Martti Ahtisaari နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရဟာ ကြားဖြတ်အစိုးရလိုမျိုးထက် ပိုပြီးရလဒ်တွေ မြန်မြန်ဆန်ဆန် ရရှိအောင်ဆောင်ရွက်နိုင်ကြောင်း၊ အပြောင်းအလဲဟာ အတွင်းအဇ္ဈတ္တက လာတာဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံ အသွင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသာ ပြည့်ပြည့်၀၀ အောင်မြင်အထမြောက်သွားပြီဆိုရင် မြန်မာအစိုးရဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လောင်းစာရင်းမှာ ထိပ်တန်းက ပါဝင်သွားမှာဖြစ်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Martti Ahtisaari က ပြောပါတယ်။

အလားတူ ဖင်လန်သမ္မတ Sauli Niinistoe ကလည်း ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံအတွက် ယူရိုငွေ ၆ သန်းခွဲကူညီဖို့ ကြေညာခဲ့ပါတယ်။ အဲဒီရန်ပုံငွေထဲကနေ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

ကွန်မင့်များ (6)
Share

သော်တာဝင်း

"အမှန်အတိုင်း ပြောပြလို့ရမလားဆိုတာကို သိချင်ပါတယ်........ရဲ နဲ့ပတ်သတ်ပြိးတော့ရော ပြိးတော့ တရာသူကြီးတွေ ရော ပါနေလို့... ပို့လို့ဖြစ်မလားဆိုတာကို အရင်သိချင်ပါတယ်...."

Mar 03, 2013 04:07 PM

genius

နေရပ်- YANGON

ဘုရား ၊ ဘုရား ...... တလွဲ တွေ မလုပ်လိုက်ပါနဲ. ၊
ဒီလောက် ကလိမ်ကကျစ် ကျပြီး ယုတ်မာတဲ.
အစိုး၇ကို ..... ။ ။

Mar 02, 2013 04:30 PM

ပြေဟိန်း

နေရပ်- Copenhagen

I am very happy that My way of thinking and My way of supporting our new government is not wrong.Because there are a lots of people and a lots of other country think and support like me. But only a small group of people disagree with us is understandable and forgivable.

Mar 02, 2013 03:48 PM

မိုးသီး

နေရပ်- mdy96

ကြိုဆိုပါတယ် ။ပြည်သူလူထုနဲ့အတူ ရယူနိုင်ပါစေ။ ပြုပြင်ပြောင်းလဲမှုတွေ အောက်ခြေ

အထိရောက်အောင် ဆောင်ရွက်ပေးပါ။

Mar 02, 2013 12:14 PM

tin aung

နေရပ်- Kotka

ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။ mistake ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖင်လန်သမ္မတဟောင်း တယောက်ဖြစ်တဲ့ Martti Ahtisaari

Mar 02, 2013 02:26 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့