မြန်မ့ာအရေး ကြားဝင်စေ့စပ်ပေးဖို့ တရုတ်ကို MNDAA တောင်းဆို

RFA Burmese
2024.09.18
မြန်မ့ာအရေး ကြားဝင်စေ့စပ်ပေးဖို့ တရုတ်ကို MNDAA တောင်းဆို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် သိမ်းယူခဲ့စဉ်။
Kokang Info

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က နိုင်ငံကနေ ခွဲထွက်မှာမဟုတ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လည်း ပူးပေါင်းမှာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့လဲ MNDAA က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ MNDAA အနေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲမှာ မဟုတ်သလို၊ နိုင်ငံတော်ကနေ ခွဲထွက်တာတွေ၊ နိုင်ငံတော် အာဏာကို လုယူတာတွေနဲ့ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်တာတွေ လုံးဝ လုပ်သွားမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းတာတွေ စစ်မြေပြင် ချဲ့ထွင်တာတွေ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုံးဝ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

မိမိတို့အနေနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ပူးပေါင်းကာ ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ဖြေရှင်းသွားမယ်လို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလမှာ ကိုးကန့်တပ်မတော် (MNDAA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အပါအဝင် သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ ကုန်းကြမ်းမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။