မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။

2012-12-19
Share

အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို  ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

" ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်"

ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။

" လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့"

ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။

မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့