မိုးညှင်းမြို့နယ်က ရထားသံလမ်းတံတားတစ်ခု မိုင်းခွဲခံရ

2021-04-17
Share
မိုးညှင်းမြို့နယ်က ရထားသံလမ်းတံတားတစ်ခု မိုင်းခွဲခံရ မိုးညှင်းမြို့နယ် ကာဒူဘူတာနဲ့ မော်ဟန်ဘူတာကြားမှာရှိတဲ့ အမှတ် (၅၅၅) တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရစဉ်
Photo: RFA

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းက ကာဒူဘူတာနဲ့ မော်ဟန်ဘူတာကြားမှာရှိတဲ့ အမှတ် (၅၅၅) တံတားတစ်စင်း ဒီနေ့မနက် ၆ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

မော်ဟန်ကျေးရွာက အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက မိုင်းခွဲခံရလို့ ရထားသွားလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။

“တံတားအမှတ် (၅၅၅) ပါ ။ မာလာရေပေါက်တံတားလို့ ခေါ်ပါတယ်။ အခုလောလောဆယ်တော့ ရထားသွားလို့တော့ မရတဲ့ အခြေအနေမှာ ရှိပါတယ်”

ရထားလမ်းကို မိုင်းခွဲဖျက်ဆီးတာဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းဆိုတာကို RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။

မိုင်းကွဲခဲ့တာကြောင်း တံတားရဲ့ ဘေလီသံဘောင်နဲ့ သံလမ်းနေရာအချို့ ပျက်စီးခဲ့ပြီး ဇလီဖာတုံးများ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီရထားလမ်းဟာ မြစ်ကြီးနား-မန္တလေး-ရန်ကုန်ကို ဆက်သွယ်ထားတဲ့ ရထားလမ်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့