ဒု ရဲမှူးဟောင်း မိုးရန်နိုင် ဇန်နဝါရီ မှာ မလွတ်သေး


2018-12-31
Share
moeyannaing-reuters-police-622.jpg တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မေလ ၉ ရကေ်န့က တွေ့ရစဉ် (ယာဘက်ပုံ)
Photo: Kyaw Zaw Win/ RFA

ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ ပြန်လွတ် မြောက်လာနိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ လွတ်မြောက်မယ်ဆိုပြီး ဒု ရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးတူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့် အဲဒီသတင်းကို အကျဉ်းဦးစီးဌာနတာဝန်ရှိသူ က RFA ကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ၂ ဦး အမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး တရားရုံးမှာ သူကြုံတွေ့ သိရှိတဲ့အတိုင်း မကြောက်မရွံ့ ထွက်ဆိုခဲ့တဲ့အတွက် တရားလိုရှေ့နေဘက်က  မယုံကြည်ရသက်သေအဖြစ် တင်သွင်းခံခဲ့ရသူဖြစ်သလို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့