ကျောင်းသားသပိတ် ထောက်ခံလို့ မွန်အမျိုးသားပါတီ ဆင့်ခေါ်ခံရ

လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်းနဲ့ အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တဲ့ မွန်အမျိုးသားပါတီကို မွန်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်က ဆင့်ခေါ်စာပို့ထားပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အခုလ ၇ ရက်နေ့ မှာ ပြည်နယ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လာရောက်တွေ့ဆုံဖို့ စာပို့ထားတာဖြစ်တယ်လို့ မွန်အမျိုးသာပါတီ ဒုတိယ ဥက္ကဌ နိုင်စိုးမြင့်က ပြောပါတယ်။

"၇ ရက်နေ့ဆိုတော့ သန်ဘက်ခါ ကော်မရှင်ရုံးမော်လမြိုင် ၂ ပါတီပူးဖို့အတွက် သက်ဆိုင်တယ်လို့ ရုံးက ဦးကိုအကြောင်းကြားတယ်၊ ဦးတို့ထင်တာ ကတော့ မွန်ပြည်သစ်ပါတီကလက်နက်ကိုင် အဖွဲ့ အစည်းဖြစ်လို့ ပူးတွဲပြီးတော့ကြေညာချက် မထုတ်ဖြစ်ဘူးလို့ ပြောချင်တာလား၊ ထုတ်ခဲ့လို့သတိပေးချင်တာလား တစ်ခုခုဖြစ်နိုင်တယ်"

မွန်အမျိုးသားပါတီ နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ဒီမိုကရေစီပညာရေးစနစ်ကို တောင်းဆိုနေတဲ့ ကျောင်းသားသပိတ် ကို ထောက်ခံကြောင်းနဲ့ ကျောင်းသား သပိတ်မှာ ပါဝင်သူ တွေနဲ့ မီဒီယာသမားတွေကို အစိုးရက အင်အားသုံးဖြိုခွဲ တဲ့အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်း ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့အပေါ် နိုင်ငံရေး ပါတီတွေ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း သဘောထားကြေညာချက်တွေထုတ်ပြန်ခဲ့ကြတာဖြစ် ပါတယ်။