မဟာနာယက ကို သံဃာ့တပ်ပေါင်းစု လျှောက်ထား

နိင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကြီး အနေနဲ့ နိုင်ငံတော် အစိုးရသစ်ကို သြဝါဒ ပေးရန်၊ သွန်သင် ဆုံးမပေးပါရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက လျှောက်ထား လိုက်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာ တိုးတက်ရေး ၊ အမျိုး သာသနာ ဖွ့ံ့ဖြိုးရေးတို့ အတွက် တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့ နဲ့ ထောင်တွင်းမှာ ရှိနေတဲ့ သံဃာတော် ၁၀၀ ကျော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက်၊ အစိုးရသစ်ကို သြဝါဒ ပေးဖို့ လျှောက်ထားခဲ့တာပါ။ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့ကို မြန်မာပြည်က ဆရာတော် သံဃာတော်ကြီးများ ခေတ္တ ကြွရောက်လာခိုက် အမေရိကန်ရှိ သာသနာ့ ဥသျှောင် အဖွဲ့နဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့က ဒီပန်ကြားလွှာကို ဆရာတော်ကြီးများထံကို ဆက်ကပ်ခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်း အရှင်ပညာဇောတကို ဒေါ်ခင်ခင်အိက ဆက်သွယ်လျှောက်ထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00