စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ တောင်းဆို

2022.10.23
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ တောင်းဆို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်။
Photo:AFP

ကုလသမဂ္ဂနဲ့အာဆီယံအဖွဲ့အနေနဲ့ ကျောင်းသားတွေနဲ့ဆရာတွေအပေါ်ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတဲ့ စစ်ကောင်စီကို တာဝန်ခံမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ လုံခြုံရေးကောင်စီဘက်က အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်တဲ့ Marzuki Darusmanက စစ်ကောင်စီဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေက လူမဆန်တဲ့ပြုလုပ်မှုတွေဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M)ဟာ မလေးရှားနိုင်ငံမှာ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

SAC-M ရဲ့ကြေညာချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ခေါင်းဖြတ်သတ်ခဲ့တာဟာ အပြည်ပြည်ဆိုင်ရာဥပဒေအပြင် မြန်မာနိုင်ငံရဲ့ဥပဒေပြဌာန်းချက်တွေနဲ့ပါ မကိုက်ညီဘဲ အကြမ်းဖက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ပြောထားပါတယ်။

ကြေညာချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ စစ်ကောင်စီကိုလက်နက်ရောင်းချတာတွေကိုတားမြစ်ဖို့၊ စီပွားရေးဆိုင်ရာပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့အပြင် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို ICC အပြည်ပြည်ဆိုင်ရာတရားရုံးကိုအရောက်ပို့ပေးဖို့နဲ့ မဲခွဲဆုံးဖြတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် NUGရဲ့သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် အသိအမှတ်ပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။