မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု EU သက်တမ်း တိုး

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ ( EU ) ရဲ့ ပိတ်ဆို့အရေးယူထားတာတွေကို ၂ဝ၁၅ ခုနှစ် ဧပြီလ ၃ဝ ရက် နေ့ အထိ နောက်ထပ် သက်တမ်းတစ်နှစ် ထပ်တိုးလိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကြောင့် ပိတ်ဆို့ အရေးယူမှုအများစုကို EU က ပြန်လည် ရုပ်သိမ်းခဲ့ပေမဲ့၊ လက်နက်အရောင်း အဝယ် ကိုတော့ ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ် ပါတယ်။အခု သက်တမ်းထပ်တိုးလိုက်တာကလည်း လက်နက်အရောင်းအဝယ် နဲ့ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ လုပ်နိုင်တဲ့ ပစ္စည်းကရိယာတွေ ရောင်းဝယ်တင်ပို့ မှုတွေအပေါ် ဆက်လက် ပိတ်ဆို့ထားဖို့ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူထားတာတချို့ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတချို့ ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ကုလသမဂ္ဂမှာ သဘောတူညီခဲ့တာကို အကြောင်းပြုပြီး ပြင်ဆင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ဘာတွေပြင်ဆင်ပေးခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။