အလုပ်သမားအခွင့်အရေး အဆိုးဆုံး ၁ဝ နိုင်ငံထဲမှာ မြန်မာပါဝင်

2022.11.21
အလုပ်သမားအခွင့်အရေး အဆိုးဆုံး ၁ဝ နိုင်ငံထဲမှာ မြန်မာပါဝင် ရန်ကုန်-ဒလဆိပ်ကမ်းက အလုပ်သမားများကို မြင်တွေ့ရစဉ်။
Photo: Reuters

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်တဲ့ ၂ဝ၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာ ဖော်ပြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် အလုပ်သမားတွေအတွက် ဘာအာမခံချက်မှ မရှိဘူးလို့ ITUC က မှတ်ချက်ပြုထားပါတယ်။

စစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေး ပိုမိုချိုးဖောက်ခံနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

အလုပ်သမားတွေကို အကူအညီပေးနေတဲ့ သမဂ္ဂ ၁၆ ဖွဲ့ထက်မနည်းကိုလည်း စစ်ကောင်စီက တရားမဝင်အသင်းအဖြစ် ကြေညာထားပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံရတာလည်း ရှိသလို အများစုက ထွက်ပြေးပုန်းရှောင်နေရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းထဲမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တူရကီ၊ ဂွါတီမာလာ၊ ဘဲလာရုဒ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီဂျစ်နဲ့ အဆွာတီနီ(ဆွာဇီလန်) တို့ပါဝင်ပါတယ်။

အာဏာမသိမ်းခင်က ဒီစာရင်းထဲမှာ မြန်မာမပါဝင်ခဲ့ပေမယ့် အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ်ကစလို့ ဒီစာရင်းထဲမှာ နှစ်နှစ်ဆက်တိုက် ဖော်ပြခံရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။