မဲဆောက်က မြန်မာနိုင်ငံသားတွေမှာ ပိုးတွေ့လို့ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းထား

2020-10-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ အသွားအလာကန့်သတ်ထားတဲ့နေရာကို တွေ့ရစဉ်
မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ အသွားအလာကန့်သတ်ထားတဲ့နေရာကို တွေ့ရစဉ်
.

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လို့ မြဝတီ-မဲဆောက် ကုန်သွယ်ရေးမှာ ကုန်ပစ္စည်း တင်ပို့တာတွေကို ဒီနေ့ကစပြီး ယာယီကန့်သတ်ထားဖို့ ထိုင်းအစိုးရဘက်က အဆိုပြုထားတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောပါတယ်။

မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်ကနေ ကုန်တင်ပို့တာတွေကို အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ ကန့်သတ်ထားဖို့အတွက် ထိုင်းအစိုးရက အဆိုပြုထားတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က မဲဆောက်မြို့ ထုံထောင်းရပ်ကွက်က မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး အားလုံးစုစုပေါင်း ငါးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၇ ရက် မနေ့ကစပြီး သူတို့နေထိုင်တဲ့ မဲဆောက်မြို့ ထုံထောင်ရပ်ကွက်နဲ့ မဒီနာ ရပ်ကွက်တွေက ဗလီ၊ ဘုန်းကြီးကျောင်းတွေကို ပိတ်ထားလိုက်ပါတယ်။ စာသင်ကျောင်းတချို့ကိုလည်း ပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားတော့မယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့