စိုးရိမ်ရလောက်အောင် မြန်မာတွေရောက်မလာသေးကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပြော

RFA Burmese
2024.02.27
စိုးရိမ်ရလောက်အောင် မြန်မာတွေရောက်မလာသေးကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပြော စစ်အာဏာသိမ်း သုံးနှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆန္ဒပြနေကြသည်ကို တွေ့ရစဉ်။
Photo: RFA

မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ထိုင်းနိုင်ငံက လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ထားနိုင်သလို၊ အဲဒီတက်ကြွလှုပ်ရှားသူတွေကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မတူတဲ့ဆက်ဆံရေးမျိုး ထားသင့်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန်း က ပြီးခဲ့တဲ့ သောကြာနေ့က မဲဆောက်ခရီးစဉ်မှာ ပြောလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းဘက်ကိုရောက်လာတဲ့ မြန်မာဘက်က ရွာသားအရေအတွက်ဟာလည်း သိပ်မများသလို မကြာခင်မှာ သူတို့အရပ် သူတို့ပြန်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အရွယ်ရောက်သူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ်လို့ မြန်မာစစ်ကောင်စီက ကြေညာလိုက်ပေမယ့်လည်း ထိုင်းဘက်ကိုအလုံးအရင်းနဲ့ ဝင်လာတဲ့အရိပ်အယောင် မတွေ့ရသေးပါဘူးလို့လည်း ဝန်ကြီး ဆူတင် ကလန်ဆန်း က ထည့်သွင်းပြောဆိုပါတယ်။

မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ထိုင်းမြေပေါ်မှာ ရန်ပုံငွေရှာနေတဲ့အဖွဲ့တွေရဲ့ လှုပ်ရှားမှုကိုလည်း ထိုင်းအစိုးရနဲ့ လုံခြုံရေးဆိုင်ရာအာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တာ၊ စိုးရိမ်ရတာမျိုး မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။