ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ မလေးရှားကနေ ဆက်လက်ရောက်ရှိ

2013-06-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဇွန်လ ၂၆ ရက်နေ့က ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံ သားများကို ဧရာဝတီဖောင်ဒေးရှင်းက ကူညီပေးနေစဉ်
ဇွန်လ ၂၆ ရက်နေ့က ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံ သားများကို ဧရာဝတီဖောင်ဒေးရှင်းက ကူညီပေးနေစဉ်
photo: Ayeyarwady Foundation Facebook

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၅ ခုက မြန်မာလုပ်သား ၁၇ဝ ကျော်နဲ့ အကြမ်းဖက် ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးတို့ဟာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လေယာဉ်စင်းလုံးငှား ကူညီပေးမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြမယ်လို့ သိရပါတယ်။

ဒီကူညီမှုနဲ့ ပတ်သက်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့  လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးရဲမျိုးဟိန်းက RFA ကို အခုလို ပြောပါတယ်။

"အခု ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရတဲ့လူ ၁၇၂ ယောက်ရယ်၊ ဒဏ်ရာအပြင်းအထန်ရထားတဲ့ အောင်မျိုးဦးရယ်၊ အားလုံးပေါင်း ၁၇၃ ယောက်ပေါ့၊ အဲဒါကို စင်းလုံးငှားလေယာဉ်နဲ့ စီစဉ်ပြီးတော့ အခုပြန်ခေါ်လာမှာပါ၊ လောလောဆယ် ထိန်းသိမ်းရေးစခန်း ၉ ခုရှိပါတယ်၊ ကျနော်တို့က စခန်း ၅ ခုက လုပ်သားတွေကို စာရင်းကောက်ပြီးတော့ ခေါ်လာပါတယ်၊ တခြားလုပ်သားတွေလည်း ကျန်နေပါသေးတယ်၊ အားလုံး ၄၉ ယောက်ကျန်နေတာတွေ့ရပါတယ်၊ အဲဒါကိုလည်း လာမယ့်အပတ်ထဲမှာ ပြန်ခေါ်ဖို့ရှိပါတယ်"

အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီနေ့ ည ၈ နာရီမှာ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ဒဏ်ရာရရှိသူကိုတော့  ဝိတိုရိယဆေးရုံမှာ ဆေးဝါးကုသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည်ကလည်း ဧရာဝတီဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံက မြန်မာလုပ်သား ၅၅ ဦးဟာ MAI လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။

အခုဆိုရင် မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူ တစ်ထောင်ကျော်ရှိသွားပြီလို့လည်း သိရပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

ဘုရားသခင် ကူညီသူ အယောက်စီတိုင်း ကောင်းကြီး ခံစားရပါစေ လို. ဆုတောင်းပေးလိုက်ပါတယ်။

Jun 30, 2013 07:28 PM

အမည်မဖော်လိုသူ

သာဓုပါ သာဓု သာဓု ။တကယ်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ။

Jun 30, 2013 12:56 PM

(ရန္ကုန္

နေရပ်- ရန္ကုန္

တကယ်ကိုကောင်းတဲ့ ကုသိုလ်ပြုမှုပါ။ ဧရာဝတီလုပ်ငန်းစုကြီး ဆက်လက်အောင်မြင်ပါစေ။

Jun 29, 2013 06:49 PM

ဆိုက်တခုလုံးသို့