ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိ ရပ်ကွက်မှာရှိတဲ့ အမှတ်(၂)ရဲစခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့၊ ညပိုင်းက ပစ်ခတ်ခံရတာကြောင့် လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေခံတွေက ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်နီးပါး ဖြစ်ပွားခဲ့ပြီးနောက် ည ၉ နာရီလောက်မှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ကားနဲ့ လာခေါ်သွားတယ်လို့ ခေမာသီရိရပ်ကွက်နေ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ညက ပေါက်ကွဲသံတွေ ကြားတယ်၊ ပြီးတော့ အဲဒီလမ်း အနီးတစ်ဝိုက်ကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ၊ အရေးပေါ်ကားသံတွေ ကြားရတယ်၊ ရဲတစ်ယောက်တော့ အဲဒီနေရာမှာပဲ သေသွားတယ်လို့ သိထားပါတယ်"
ဒီတိုက်ခိုက်မှုကို မြစ်ကြီးနား PDF အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး PDF ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း မြစ်ကြီးနား သီတာရပ်ကွပ်မှာရှိတဲ့ စ.ရ.ဖ ရုံးကို မြစ်ကြီးနား PDF အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။