အခြေအနေများ ပိုကောင်းလာမည်ဟု NDF အမတ် ယုံကြည်

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက နေပြည်တော်မှာ ကျင်းပနေတဲ့ လက်ရှိ လွှတ်တော်မှာ လူအများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဖြစ်နေပြီး၊ အနည်းစုက ဒီမိုကရေစီရေး လိုလားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတာကြောင့် ပြုပြင် ပြောင်းလဲရေးအတွက် အခက်အခဲ ရှိပေမဲ့ လာမဲ့ ရွေးကောက်ပွဲအပြီး ပေါ်လာမဲ့ လွှတ်တော်မှာတော့ အခြေအနေတွေ ပိုကောင်း လာနိုင်တယ်လို့ မြင်ကြောင်း RFA က သီးသန့် ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုလိုက်ပါတယ်။

0:00 / 0:00

ဒါ့အပြင် သူက အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လူထုအုံကြွမှုမျိုးလို၊ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ လူထုအုံကြွမှုမျိုးုလို မြန်မာနိုင်ငံမှာ ထပ်ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့လည်း ပြောကြားပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်