0:00 / 0:00
အဲဒီလို ပေါ်ပေါက်နေရာမှာ ကူညီ စောင့်ရှောက်မဲ့သူ လုံးဝ မရှိတဲ့ ဝေဒနာသည်တွေကို ပံ့ပိုးကူညီမဲ့ လူငယ်ကွန်ရက်တခုလည်း လွန်ခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရန်ကုန်မြို့မှာ ပေါ်ပေါက်နေပါတယ်။ အဲဒီကွန်ရက်အဖွဲ့ဝင် လူငယ်တွေက တဦးကို တလ ကျပ်ငွေ ၂၀၀၀ စီ ထည့်ဝင်ပြီး အဲဒီငွေနဲ့ အထီးကျန် လူနာတွေကို ကူညီနေတာလို့ သိရပါတယ်။
အဲဒီအဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ လူငယ်တဦး ဖြစ်တဲ့ ကိုဟိန်းမင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။