မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေက ထူးခြားတဲ့သတင်းတွေကို စုစည်းတင်ဆက်ပေးနေတဲ့ “ထူးခြားဖြစ်စဉ် အာရှတစ်ခွင်” အစီအစဉ်မှာ - တရုတ်သမ္မတ ရှီကျင့်ပင် ကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ထပ်မံရွေးချယ်လိုက်တာ၊ ဟိန္ဒူဘာသာရေးပွဲတော် “ဒေဝါလီ” မတိုင်ခင်မှာ ဖြစ်ပေါ်နေတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က လေထုညစ်ညမ်းမှုအခြေအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ MAMF ယဉ်ကျေးမှုဖလှယ်ပွဲမှာ မြန်မာအဆိုတော် ချမ်းချမ်းနဲ့ အမွန်းတို့ သီဆိုဖျော်ဖြေခဲ့တဲ့အကြောင်းတွေကို မနန္ဒာချမ်း က တင်ဆက်ထားပါတယ်။