NLD ကိုယ်စားလှယ် လေးဂွနှင့် အပစ်ခံရ

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမင်းသူဟာ မနေ့က မဲဆွယ်စည်းရုံးရေး ဆင်းနေတုန်း သစ်သားချွန်တပ်ထားတဲ့ လောက်လေးဂွနဲ့အပစ်ခံခဲ့ရပါတယ်။
2012-03-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာစဉ်။
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာစဉ်။
AFP

လူထုပရိသတ် အတော်များများ တက်ရောက်နားထောင်တဲ့ အောင်ချမ်းသာကျေးရွာက ဟောပြောပွဲအပြီးမှာ အပစ်ခံလိုက်ရတာဖြစ်တယ်လို့ ဦးမင်းသူက အာအက်ဖ်အေကိုပြောပါတယ်။

ခေါင်းထိမှန်သွားသူဟာ လုံခြုံရေးအဖွဲ့မှာပါတဲ့ မပွင့်ဖြူ ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရပါတယ်။ လေးဂွနဲ့ ပစ်တဲ့သူကိုတော့ ရွာခံလူငယ်တွေ ၀ိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းကို ပို့လိုက်ပါတယ်။

အခုလို အပစ်မခံရခင်မှာ လောက်လေးဂွနဲ့ ပစ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် လူထုကို ဟောပြောနေတဲ့အချိန်မှာ ဒေသခံတွေက လာရောက် သတိပေး ပြောဆိုခဲ့တယ်လို့လည်း ဦးမင်းသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက နေပြည်တော်တ၀ိုက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကြောင့် ဒေသခံရွာသူ ရွာသားတွေဟာ အဲန်အယ်လ်ဒီပါတီကို စိတ်ဝင်တစား ထောက်ခံ အားပေးလာတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Dear Ma Ma Su. You are in God's Hand. I'm always pray for you. Butအသက်ကိုဥာဏ်စောင့်နော်။
မအောင်လဲတစ်ခြားနည်းလမ်းနဲ့သူများအကျိုးဆက်သယ်ပိုးနိုင်ပါ ကြောင်း...၊အသက်ကိုတော့လုံးဝအထိမခံပါနဲ့နော်။ မတန်ဘူးလေ။ ကျန်းမာရေးလည်းထိုနည်း၎င်း.....

Mar 20, 2012 03:46 AM

အမည်မဖော်လိုသူ

အန်တီစုရေ သတိထားရမယ့်အချိန်ရောက်နေပြီ၊ ကြံ့ဖွတ်နဲ့ စစ်ခွေးတွေ ဇာတိပြကုန်ကြပြီး။

Mar 19, 2012 01:33 PM

ဆိုက်တခုလုံးသို့