ရွေးကောက်ပွဲ အကြိုကာလပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ ဒီနေ့မနက် ၉ နာရီခွဲမှာ ရန်ကုန်မြို့မှာ ဆွေးနွေးကြမယ်လို့သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ပြောဆိုဖြစ်လိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက RFA ကို ဒီနေ့မနက် အစောပိုင်းက ပြောပါတယ်။
"လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အခုက မဲစာရင်းတွေ ထုတ်ပြန်ကြတော့ cso တွေက လူပုဂ္ဂိုလ်အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီးတော့ ကူညီလုပ်ကိုင်ပေးဖို့ရယ်၊ သူတို့ကူညီလုပ် ကိုင်ပေးတဲ့ အခက်အခဲတွေ့ရတာတွေရယ်၊ ကျနော်တို့ အောင်နိုင်ရေးအဖွဲ့တွေရှိတယ်လေ အောက်ခြေမှာ ပိုမိုပြီးတော့ မှန်ကန်ပြည့်စုံအောင်၊ မဲဆန္ဒပေးခွင့်ရှိသူများ ပေးနိုင်အောင် ဒါကို ပါဝင်ပြီးလုပ်ကိုင်နိုင်ရန် အတွက် ညှိနှိုင်းတာပါ"
ဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအပါအဝင် ရန်ကုန်အခြေစိုက်အဖွဲ့တွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NLD သဘာပတိဥက္ကဌ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။