အိုဘားမားခရီးစဉ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား တစ်သောင်းချထား

နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာမယ့် အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတအိုဘားမားရဲ့ ခရီးစဉ် လုံခြုံရေးအတွက် မြန်မာအစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တစ်သောင်း နီးပါး အသုံးပြု ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-11-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်္ဘမိြႚလယ်တြင် စောင့်ုကပ်နေသော လုံထိန်း ခေၞ လုံူခံမြြ ထိန်းသိမ်းရေး တပ်ဖြဲႚဝင်တဦး ူဖစ်ပၝသည်။ (Photo: AFP)
ရန်ကုန်္ဘမိြႚလယ်တြင် စောင့်ုကပ်နေသော လုံထိန်း ခေၞ လုံူခံမြြ ထိန်းသိမ်းရေး တပ်ဖြဲႚဝင်တဦး ူဖစ်ပၝသည်။ (Photo: AFP)
(Photo: AFP)

လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေထဲမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအပြင်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြီးတန်းရဲအရာရှိတစ်ဦး ဖြစ်တဲ့  ရဲမှုးကြီးဝင်းနိုင်ထွန်းက RFA ကိုအခုလို အတည်ပြုပြောကြားပါတယ်။

လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန် သမ္မတ မစ္စတာ အိုဘားမားခရီးစဉ် အဆင်ပြေချောမွေ့စေရေး အတွက် အမျိုးသားလုံခြုံရေး မှုဝါဒကို ကိုင်တွယ်ထားတဲ့  သမ္မတရုံး ဝန်ကြီး တစ်ချို့လည်း ရန်ကုန်မြို့မှာ အခြေစိုက်ပြီး ကွပ်ကဲဖို့ရှိတယ်လို့ သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ဒီကနေ့ ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဖို့ ရှိတဲ့ အပြင်၊ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ဆက်လက်ပြီး သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် ခန်းမဆောင်မှာ အသင်းအဖွဲ့အသီးသီးက လူ တစ်ထောင်ကျော်ကို မိန့်ခွန်းပြောဖို့ ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း အမေရိကန် သမ္မတအိုဘားမားနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို သတင်းယူနိုင်ဖို့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ပြည်တွင်းသတင်းဂျာနယ်နဲ့နိုင်ငံခြား သတင်းအေဂျင်စီ (၃၃)ခုရဲ့ သတင်းစာရင်းပေးထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

သားသား

နေရပ်- ခတၱတစ္ေနရာ

သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာတာကိုတော့ ကြိုဆိုပါတယ်.. လုံချုံရေးတွေချတာတာလဲ ချသင်ပါတယ်... အဲ့ဒီလုံချုံရေတွေက... ကျန်ခဲ့တဲ့နှစ်တွေတုန်းက စက်တင်ဘာတော်လှန်ရေးတုန်းက ချထားတာနဲ့ယှဉ်ရင် ဘယ်လုံချုံရေးက များမလဲ မသိဘူးနော်... မေးကြည့်တာပါ.. မှားတာရှိရင် ခွင့်လွှတ်ပါ..

Nov 17, 2012 04:07 AM

အမည်မဖော်လိုသူ

မြနမာနိူင်ငံကို သမ္မတအိုဘားမားလာတာကိုမြန်မာပြည်သူပြည်သားများကအထူးတလယ်ကြိုဆိုပါတယ်ရှငိ။ မြန်မာနိူင်ငံကိုဘာကြောင့်ဘဲလာလာမြန်မာနိူင်ငံအနေနဲ့တစ်ခုခုအကျိုးရှိလိမ့်မယ့်လို့သမီးယုံကြည်ပါတယ် အမေရိကန်သမ္မတ အတွက်လုံခြုံရေးတွေအထူးကြပ်မှတိသင့်ပါတယ် လုံခြုံရေးချွတ်ယွင်းခဲ့ရင်သမီးတို့မြန်မာပြည်အတွက် ရင်လေးစရာတွေဖြစ်လာနိူင်ပါတယ် ဒါကြောင့်အမေရိကန်သမ္မတမြန်မာပြန်ကနေပြန်လည်ထွက်ခွာနိူင်ပါစေ။ချောချောမောမောမြန်မာပြည်ကနေထွက်ခွာနိူင်ပါစေ လို့မြန်မာပြည်သူပြည်သားများကိုယ်စားသမီးဆုတောင်းပေးလိုက်ပါတယ်

Nov 16, 2012 08:44 PM

ဆိုက်တခုလုံးသို့