ကချင်ပြည်နယ် ဖားကန့်မြိုနယ် မှော်ဝမ်းကလေးကျေးရွာမှာ နိုဝင်ဘာ ၂ ရက် မနေ့ မွန်းလွဲ ၁၂ နာရီကျော် လောက်က မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရသွား တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီမိုင်းဟာ သူတို့ကျောင်းသွားတဲ့လမ်းမှာ ပေါက်ကွဲတာဖြစ်ပြီး နှစ်ဦးစလုံး ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့လည်း အဲဒီမိသားစုဝင်က ပြောပါတယ်။
“ထောင်မိုင်းပေါက်ကွဲလို့ရတာဗျ။ ကလေးနှစ်ယောက်ကတော့ ကျူရှင်သွားရင်းနဲ့ ဗုံးပေါက်လို့ ဒဏ်ရာရ သွားတာ။ မိန်းကလေးက ခြေသကြွယ်နဲ့ ခြေသန်းကျိုးသွားတာ။ ယောက်ျားလေးက လည်ပင်းမှာ ရှပ်ထိ သွားတာ။ နှစ်ယောက်စလုံးအခု ဆေးရုံမှာပဲ”
ဒဏ်ရာရသူနှစ်ဦးဟာ မောင်နှမတွေဖြစ်ပြီး အစ်ကိုဖြစ်သူ မောင်အောင်မျိုးထွန်းက ကိုးတန်းကျောင်းသား၊ ညီမဖြစ်သူ မနှင်းယုလှိုင်ကတော့ ခုနစ်တန်းကျောင်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီမိုင်းဟာ မှော်ဝမ်းကလေးကျေးရွာနဲ့ ဆွတ်ငိုင်ယန် ကျေးရွာကြားမှာ ပေါက်ကွဲခဲ့ တာဖြစ်ပြီး ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းဆိုတာကို မသိရဘူးလို့လည်း မိသားစုဝင် တွေက ပြောပါတယ်။
မနေ့က မိုင်းပေါက်ကွဲမှုအပြီး သေနတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။