ဖားကန့်မှာ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

2022.10.10
Share on WhatsApp
Share on WhatsApp
ဖားကန့်မှာ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ ဖားကန့်မြို့တွင်း တစ်နေရာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ နယ်ထိန်းရဲတစ်ဦးကို အောက်တိုဘာလ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က အမည်မသိလူတစ်စုက ပစ်သတ်သွားတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူမှာ အသက် (၄၀) ခန့်အရွယ် နယ်ထိန်းရဲ ဦးသက်နိုင်ဦး ဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မရှီကထောင်ရပ်ကွက် နန်းဦးစားသောက်ဆိုင်ရှေ့မှာ သူ့ကားပေါ်တက်နေတဲ့အချိန် လူတစ်စုက သေနတ်နဲ့ ပစ်သတ်သွားတာ။ သူစီးလာတဲ့ကားလည်း ယူသွားတယ်။ သူ့အလောင်းတောင် ၁ နာရီလောက်ကြာမှ လာကောက်သွားကြတာ ”

ဘယ်အဖွဲ့က ပစ်သတ်သွားတာလဲ ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ စျေးဝယ်ထွက်လာတဲ့ ရဲသုံးဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ မနက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မှော်ရှန်ရွာက KBZ ဘဏ်ခွဲ (၂) အနီးမှာ စျေးဝယ်လာတဲ့ ရဲမှူးကိုကိုလွင်နဲ့ ရဲတစ်ဦးတို့ကို အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်သတ်သွားပါတယ်။

ဖားကန့်မြို့နယ် နမ့်ယားရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့က အမည်မသူသိ လူတစ်စုက သူရဲ့နေအိမ်အနားမှာပဲ ပစ်သတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။