မြန်မာနိုင်ငံ အနှံ့အပြားက အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၂၂ ယောက်ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင်တွေက ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဟာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးရဲအောင်က အခုလို ပြောပြပါတယ
"ကျန်နေတာတွေ ဘယ်လောက်ရှိတယ်ဆိုတာ ဆွေးနွေးတယ်။ဘယ်လို ပုဒ်မတွေကို စဉ်းစားမလဲဆိုတာ ဆွေးနွေးတယ်။အသေးစိတ်စိစစ်ရမယ့် လူတွေဆိုတော့ နည်းလာတဲ့ အခါမှာ တဖြည်းဖြည်းချင်း အသေးစိတ် စစ်ဆေးဖို့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်"
လာမယ့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ လောက်မှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားမရှိအောင် ဆောင်ရွက်သွားကြမယ်လို့လည်း ဆွေးနွေးကြောင်း သိရပါတယ်။