ဘိန်းခင်းဖျက်သူတွေ တိုက်ခိုက်ခံရတဲ့အတွက် ဒဏ်ရာရသူ ၃၀ လောက်ရှိ

2016-02-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသဘက်က ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ အစိုးရနဲ့ ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဟာ အမည်မသိတဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဒီကနေ့ နှစ်ကြိမ်ခံခဲ့ရပြီး လူ ၃၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်း လေးနာရီကျော်အထိ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ဒဏ်ရာရသူ ၂၉ ယောက်ရှိပြီလို့ မြစ်ကြီးနား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက ပြောပါတယ်။

"လူနာကတော့ လောလောဆယ်မှာ ၂၉ ဦး ရောက်နေပြီ၊ ခွဲစိတ်ကုသဆောင်မှာ ၁၁ ဦး အရိုးနဲ့ထိခိုက် ဒဏ်ရာ ကုသဆောင်မှာ ၁၈ ဦးပေါ့နော်၊ လူနာတွေ နောက်ထပ်ရောက်လာရင်တော့ အချိန်နဲ့ တပြေးညီ အရေအတွက်ပြောင်းလဲမှာပေါ့နော်၊ လူနာတစ်ယောက်ကတော့ ဗိုက်မှာထိမှန်တယ်၊ တစ်ယောက်ကတော့ ပုခုံးမှာထိမှန်တာရှိတယ်၊ ဒီဒဏ်ရာက စိုးရိမ်ရလား မစိုးရိမ်ရဘူးလားဆိုတာ ဓါတ်မှန်ရိုက်တဲ့ဟာတွေနဲ့ လုပ်နေရတယ်လေ၊ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေရတယ်၊ အဲ့အပေါ်မှာမူတည် ပြီးတော့ ရောဂါပြင်းထန်ရင် ပြင်းထန်သလို လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်သွားရမှာပေါ့နော်"

ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ဘိန်းတိုက်ဖျက်ရေးအဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ် ဝေမိုးရွာကနေ ထန်းမိုခမ်းကျေးရွာဘက်က ဘိန်းစိုက်ခင်းတွေဘက်အသွားမှာ တစ်ကြိမ်တိုက်ခိုက်ရပြီး နေ့လည်ပိုင်းမှာ စင်ကြိုင်ရွာကနေ ဘိန်းစိုက်ခင်းတွေဘက်ကိုအသွားမှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

ဆဒုံးမြို့အကျော်မှာ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခံရလို့ ဗုံးစမှန်ထားပြီး ဒဏ်ရာရရှိသူ တစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဘရန်ဂျာက တိုက်ခိုက်ခံရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"မိုင်းတွေနဲ့ အခွဲခံရတယ်၊ တော်တော်ထိသွားတယ်၊ သူတို့လည်း အယောက် ၃ဝ ကျော်လောက်ရှိတယ်၊ ဝိုင်းရိုက်ဖမ်းနေကြရင်းနဲ့ လက်ပစ်ဗုံးနဲ့ ကြားထဲက ပစ်ခွဲလိုက်တာ၊ လက်ပစ်ဗုံးပစ်တဲ့လူကိုတွေ့တယ် ဒါပေမဲ့ လိုက်ဖမ်းမမိလိုက်ကြဘူး၊ ယူနီဖောင်းနဲ့ မဟုတ်ဘူး၊ ဒါပေမဲ့ သေနတ်တွေနဲ့ ပစ်တယ်၊ လက်ပစ်ဗုံး ဆို သုံးလုံးတောင်ကွဲတယ်၊ ကျနော်တို့လည်း ရှေ့ဆက်တိုးလို့မရတော့ နောက်ပြန်ဆုတ်တယ်၊ ဟိုမှာရှိတဲ့ လူတွေလည်းရှိနေကြတယ်"

ဘိန်းခင်းပိုင်ရှင်လို့ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေဟာ တုတ်၊ ဓါး၊ လောက်လေးခွ၊ သေနတ်၊ လက်ပစ်ဗုံးစတဲ့လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ကားတချို့ကိုလည်း မီးရှို့ခဲ့သလို ရိက္ခာတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုအဖွဲ့အစည်းတွေ အပါအဝင် အစိုးရတာဝန်ရှိသူတချို့က ဒါဏ်ရာရရှိသူတွေကို သွားရောက်သယ်ယူပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်နေတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဘိန်းဖျက်ဆီးရေးသွားသူတွေ တိုက်ခိုက်ခံရတာကိုမကျေနပ်တဲ့ ဒေသခံကချင်တိုင်းရင်းသား အယောက်တစ်ရာကျော်က မြစ်ကြီးနားပြည်သူ့ဆေးရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

kachin-hospital-protest-620.jpeg

ဆန္ဒပြသူတွေဟာ နယ်ခြားစောင့်တပ် အလိုမရှိ၊ ဘိန်းအစိုးရ အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြ တာဖြစ်ပါတယ်။

မြစ်ကြီးနားဆေးရုံပေါ်မှာ ရောက်ရှိနေတဲ့ ဒဏ်ရာရရှိသူအများစုဟာ ဝိုင်းမော်မြို့နယ်ထဲကဖြစ်ပြီး ဖားကန့်မြို့နယ် ဘက်ကတချို့နဲ့ အသေးစိတ်ကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို RFA က လူကိုယ်တိုင် သွားရောက်မေးမြန်းခဲ့ပေမဲ့ အလုပ်ရှုပ်နေတယ်လို့ပြောပြီး တာဝန်ယူ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြုံရေးစီမံပေးမှုနဲ့အတူ ဋ္ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစတင်ပြီး အဖွဲ့ကြီး ၆ ဖွဲ့ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေ ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

တရားဝင်အဖွဲ့ ဖြစ်အောင်လုပ်ပါ...

အခုအချိန်မှာ ဘိန်းဖျက်တဲ့အဖွဲ့တွေက ယင်းတို့လုပ်မဲ့လုပ်ငန်းစဉ် များကိုယာယီရပ်ဆိုင်းထားဖို့သင့်ပီးလက်ရှိအစိုးရနဲ့ညှိနိုင်းကာ
နောက်တက်လာမဲ့အစိုးရကိုစောင့်ဖို့လိုပါတယ်...

တဖက်ကလည်း အစိုးရအနေနဲ့ ဘိန်းစိုက်ခင်းနယ်မြေကတာဝန်ရှိသူတွေ ကိုအလားတူမလုပ်ဖို့ညွှန်ကြားသတိပေးချက်ထုတ်ဖို့လိုပါတယ်.
ယင်းနောက်တရားဝင်အစိုးရဦးဆောင်တဲ့ ဘိန်းဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့လိုပါတယ်....ဒီလိုသာအစိုးရဦးဆောင်ပီး ဘိန်းစိုက်ပျိုးသူများနှင့်တွေ့ဆုံညှိနိုင်းအဖြေရှာလုပ်ရင် ဘိန်းစိုက်ပျိုးသူများသည်လက်ခံလာမည်ဖြစ်ပါတယ်

အဓိကဖြစ်နေတာက ယခုဘိန်းဖျက်အဖွဲ့ကို ဘိန်းစိုက်ပျိုးသူများက အသိမှတ်မပြုပဲ ၊ အစိုးရဦးဆောင်သည့် တရားဝင်အားလုံးကလက်ခံသည့်အဖွဲ့ဖြစ်ဖို့ပါ...

Feb 25, 2016 11:39 PM

ဘာေၾကာင့္လဲ....

ဘိန်းခင်းဖျက်တာအင်မတန်မှန်ကောင်းတဲ့အလုပ်ပါ..

ဒါပေမဲ့ဘိန်းဖျက်တဲ့အဖွဲ့အစည်းက ဒီဖျက်မဲ့အဖွဲ့ဝင်လူထောင်ချီရဲ့ စားရေး သောက်ရေး သွားလာရေးအတွက် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရတာ..
ထောင်ချီတဲ့လူတွေအတွက်တစ်နေ့တာစရိတ်က နေ့စဉ် သိန်းချီ ကုန်ပါတယ်...ခရီးဆက်နေတာ ၁ရက်မကပါဖူး...
သိန်းရာချီ ထောင်ချီကုန်မှာပါ...

ဒီကုန်ကျငွေတွေကိုဘယ်သူကထောက်ပံနေလဲ
ဘယ်ကရလဲ
ဘယ်လို သုံးစွဲနေလဲဆိုတဲ့ စဉ်စားစရာကိတ်စပေါ်လာပါတယ်..


နောက်တစ်ခုက
အစိုးရသစ်ကရှေ့လဆိုပြောင်းတော့မယ်..
သန်းခေါင်ထက်ညဉ့်မနက်တော့ပါဖူး..
အခုအစိုးရနဲ့အရင်ဆွေးနွေးပြီး၊အစိုးရသစ်တက်မှာထပ်မံဆွေးနွေးအဖြေရှာပြီးလုပ်လို့မရဖူးလာ..
ဘာလို့အရမ်းအရေးကြီးနေတာလဲ....ဆိုတဲ့မေးခွန်းပါ....


ဒါကြောင့်ဖြစ်စဉ်ကြည့်ရတာအစိုးရအပြောင်းအလဲမှာ
နောက်ကွယ်ကနိုင်ငံရေး နဲ့အခြားအကြောင်းတရား ရည်ရွယ်ချက်ပါပုံပေါ်တယ်..

ခံရတဲ့အပြစ်မဲ့ပြည်သူအတွက်ကများစွာစိတ်မကောင်းဖြစ်ရပါတယ်.

စစ်တုဘုရင်ကစားသလို့ သူတို့လေးတွေက ပွန်းလေး တွေဖြစ်နေတယ်......

Feb 25, 2016 11:18 PM

စိတ္မေကာင္းစရာပါ

စိတ်မကောင်းစရာပါ.ဒါပေမဲ့ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာတွက်ထားပီးသားပါ၊တရားမဝင်ဖွဲ့စည်းထားတဲ့အရပ်သားအဖွဲ့က သွားလုပ်တော့ ကြည့်ရတာ ဗိုက်ပူတွတ်ကလေးလုပ်မဲ့အကွက်ကိုမသိမ်းမျှင်ကသိနေ သလိုဖြစ်နေတယ်.တနည်းအားဖြင့်သူတို့အချင်းချင်းတဖွဲ့ အကြောင်းတဖွဲ့သိနေပုံပဲ..ဒါကြောင့်လက်မခံတာဖြစ်လိမ့်မယ်.
နောက်တချက်ကဒီလိုကိတ်စမျိုးကအစိုးရကဦးစီးဦးဆောင်ပြုု
ပြီးလုပ်ရမှာ။ ပထမဘိန်းစိုက်သူများနဲ့တွေ့ဆုံဆွေးနွေး၊ပြီးရင်သူတို့ ဝမ်းရေးအတွက်တစ်ခုခုအစားထိုးစီစဉ်ပေးဖို့စီစဉ်၊၊ပီးရက်ဖျက်၊ဒီလိုအဆင့်လိုက်သွားရမှာ။

ဝဒေသမှာ UN ဦးစီးပီးအစိုးရရဲ့အကူညီနဲ့လုပ်ဖူးတယ်၊ အစပိုင်း အဆင်ပြေပြီးနောက်ပိုင်းအခုလိုအလားတူဖြစ်ခဲ့တယ်..

ဘိန်းကကိုယ်တိုင်းရင်းသားပဲစိုက်စိုက် တဘက်နိုင်ငံကသူတွေက သူတို့အကျိုးပွားအတွက်စီးပွားဖြစ်လာစိုက်စိုက် လုံးဝဖျက်ကို ဖျက်ရမှာပါ..ဒီဘိန်းကြောင့်အကျိုးစီပွားတွေမစွန့်
နိုင်ပဲတစ်ချို့တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်းပြ လက်နက်ကိုင်စွဲနေပြီး ပြည်တွင်းစစ်ကိုသက်ဆိုးရှည်နေတာပါ..
ကချင်မှာရော ရှမ်းပြည်တစ်ခုလုံးမှာပေါ အခြားစိုက်တဲ့နေရာ အားလုံးမှာ အစိုးရဦးဆောင်ပြီး UN တိုင်းရင်းသားလက်နက် ကိုင်များမှတာဝန်ရှိသူများ ဘိန်းစိုက်ပျိုးသူများ ဒေသခံအဖွဲ့စည်း
များထိုင်ပြီးတွေ့ဆုံးဆွေးနွေးရပါမယ်..
စစ်တမ်းကောက်ရပါမယ်..ပြီးမှ ရေတိုရေရှည်စီမံချက်နဲ့အဆင့် လိုက်အားလုံးပူးပေါင်းဖျက်ရမှာပါ..

ကချင်ပြည်နယ်မှာ အေအိုင်အေထိန်းချုပ်နယ်မြေအပါအဝင်နယ်မြေ
တော်တော်များများမှာနှစ်ပေါင်းများစွာဘိန်းစိုက်နေပီးအခုမှ
ကေအိုင်အေထိန်းချုပ်နယ်မဟုတ်တဲ့အခြားနယ်မြေတစ်ခု
တည်းကိုမှလက်ညိုးထိုးဖုန်ပူမီးတိုက်အလောသုံးဆယ်
ထလုပ်မှတော့မလိုလားအပ်တဲ့ပြသနာဖြစ်ပီပေါ့....

ကြားကခံရတဲ့သူတွေအတွက်စိတ်မကောင်းပါဖူး..တကယ်တော့ ဦးဆောင်သူတွေမှာတာဝန်အပြည့်ရှိပါတယ်...

Feb 25, 2016 08:05 PM

အမည်မဖော်လိုသူ

သူတို့က အချင်းချင်း ခိုက်ရန်ဖြစ်မှာစိုး လို့တားရတာပါ လို့ပြောထားတာ အလကား မဟုတ်ဘူး အဲဒီ စကား မှန်အောင် လုပ်ပြတော့မှာပေါ့။ အမှန်တော့ သူတို့မွေးထားတဲ့ လူတွေပဲ။ အမည်မသိ ဆိုတည်းက သဘော ပေါက် အမှန်က တားမဲ့အစား အကာအကွယ်ပေးရမှာ ဟားဟားဟား။

Feb 25, 2016 08:49 AM

သိနေတယ်လေ

ဦးစခုန်တိန့်ယိန်းနဲ့တွေ့ဆုံမေးမြန်းထားတဲ့ဆောင်းပါးမှာ ဦးစခုန်တိန့်ယိန်းဖြေထားတာကို ဖတ်ကြည့်လိုက်ပါ...

အပေါ်ကတင်ပြသလို့ဦးစခုန်တိန့်ယိန်းက ဖျက်တဲ့အဖွဲ့ရဲ့ရည်ရွယ်ချက်ကိုသိနေတယ်..

ဒီလိုဖြစ်လာနိုင်လိမ့်မယ်လို့သုံးသတ်ထားတယ်...

တနည်းအားဖြင့် ကချင်းလူမျိုးအချင်းချင်းတယောက်အကြောင်း တယောက်သိနေတဲ့သဘောပါ..

Feb 25, 2016 10:55 PM

ဆိုက်တခုလုံးသို့