လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြ

မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ ဆူးလေဘုရားအနီး နဲ့ မဟာဗန္ဓုလလမ်းမှာ နိုဝင်ဘာလ ၂၆ရက်နေ့ ကဆန္ဒပြခဲ့ကြပါတယ်။
2012-11-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုဝင်ဘာ ၂၆ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် ရန်ကုန်မြို့၊ဆူးလေဘုရား အနီးတွင် ဆန္ဒပြနေသူတစ်ဦးကို တွေ့ရစဉ်။
နိုဝင်ဘာ ၂၆ ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် ရန်ကုန်မြို့၊ဆူးလေဘုရား အနီးတွင် ဆန္ဒပြနေသူတစ်ဦးကို တွေ့ရစဉ်။
Photo:RFA/Thiha Htun

ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်ဝင်တွေနဲ့၊ အခြားတက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က အဖွဲ့ဝင် တွေဟာ လက်ပန်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ ခရိုနီစီးပွါးရေးစနစ်ဆန့်ကျင်ရေး၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၊မြန်မာနိုင်ငံကထွက်ခွာရး စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ခွင့်ပြုချက်မရှိပဲဆန္ဒပြရင် ပုဒ်မ ၁၈ နဲ့အရေးယူလို့ ရတဲ့အကြောင်း ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုသီဟဝင်းတင် အပါအဝင် ကိုဝင်းကို၊ ကိုရဲလင်း၊ ကိုဘိုဘိုကျော်တို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်က  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လတ်တလောဖြစ်ရပ်တွေနဲ့ပတ်သက် လို့ အရေးပေါ်သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

မိုးထိမိုးမိ ရွှေလုပ်သားတွေထဲက ခေါင်းဆောင် ၄ ယောက်ကို ရိုက်နှက်ဖမ်းဆီးလိုက်တဲ့ကိစ္စ၊ လက်ပန်းတောင်း တောင်သပိတ်အပါအဝင် ပြည်သူတွေရဲ့တောင်းဆိုမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လွှတ်တော်က ဆန္ဒပြပြည်သူတွေနဲ့ညှိနှိုင်းပြီး ပြဿနာပြေလည်အောင် ဆောင်ရွက်သင့်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က သတင်းစာ ရှင်းလင်းပွဲမှာထုတ်ဖော် ပြောကြားခဲ့ပါတယ်။

၈၈ အဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
Share

sai

နေရပ်- Ssan Francisco

The Shwe Gas Project, and other oil projects in Arakan have already precipitated massive restrictions on local livelihoods and significant environmental damage. As the projects go ahead, the similar problems to occur across Burma as well as mass forced relocation, forced labour and other human rights abuses caused by militarisation of the development regions.
The local ethnic people will be staying in high risk gas explosion environments in their daily lives.
The smallest spark or gas leak In gas and oil pipelines can ignite a flame with disastrous consequences.
Everyone should be aware of this life threatening project and should make every effort to stop this Shwe Gas project .

Nov 26, 2012 07:19 PM

ဆိုက်တခုလုံးသို့