ဖမ်းဆီးခံ သတင်းသမားတွေ လွတ်မြောက်ဖို့ ဆန္ဒပြတောင်းဆို

2018-10-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သတင်းလွတ်လပ်ခွင့်ရရှိရေးနဲ့ မတရား ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ၂၀၁၈၊ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ ဆန္ဒပြစဉ်
သတင်းလွတ်လပ်ခွင့်ရရှိရေးနဲ့ မတရား ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ၂၀၁၈၊ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ ဆန္ဒပြစဉ်
Photo: Khaymani Win/ RFA

သတင်းလွတ်လပ်ခွင့်ရရှိရေးနဲ့ မတရား ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကိုင်းမြို့ အခြေစိုက်တဲ့ သတင်းထောက် ၁၀ ဦးလောက်က ဒီကနေ့ စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

သတင်းသမားတွေကို အရေးယူမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာမှာကို အလိုမရှိဘူးလို့ ဆန္ဒပြ သတင်းမီဒီယာ သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက Eleven မီဒီယာက သတင်းသမား ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ဆိုခဲ့ပါတယ်။ အဲဒီအမှု အပါအဝင် အခုလက်ရှိ NLD အစိုးရလက်ထက်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းထောက် အယောက် ၄၀ ကျော်ရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့