ရခိုင်ပြည်နယ် သန်းခေါင်စာရင်း တချို့ ပြန်ကောက်ရေး ဆွေးနွေး

2014-04-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၃၁ ရက်နေ့က မွတ်စလင်တွေကို သန်းခေါင်စာရင်း ကောက်ခံနေစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၃၁ ရက်နေ့က မွတ်စလင်တွေကို သန်းခေါင်စာရင်း ကောက်ခံနေစဉ်
photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံခဲ့ရာ မှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေက မွတ်စလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

သန်းခေါင်စာရင်းပုံစံစာရွက်မှာ အခြားလူမျိုးအမည်ကို ကိုယ်စားပြုတဲ့ ကုဒ်နံပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ် မှာ မိမိတို့ရဲ့ လူမျိုးအမည်ကို လွတ်လပ်စွာရေးသား ခွင့်ပြုထားပေမဲ့၊ အဲဒီကွက်လပ်နေရာမှာ ရိုဟင်ဂျာ လို့ ရေးသား ခွင့် မပြုဖို့ ရခိုင်တိုင်းရင်းသားတွေဘက်က သပိတ်မှောက် ကန့်ကွက်ခဲ့ကြတာကြောင့် အစိုးရက ရိုဟင်ဂျာ အဖြစ် ထည့်သွင်းကောက်ခံလိုသူတွေကို ချန်လှပ် ထားခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောအပါအဝင် တချို့နေရာတွေမှာ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအဖြစ် ထည့်သွင်းလို သူ တွေကို စာရင်းမကောက်ခံပဲ ချန်လှပ်ထားခဲ့ရပါတယ်။ ဒါကြောင့် ချန်လှပ် ထားခဲ့ရတဲ့ မူဆလင်တွေကို ကုဒ်နံ ပါတ် ၉၁၄ ရဲ့ ဘေးကွက်လပ်မှာ ဘာတစ်ခုမှ မရေးသွင်းဘဲ ကွက်လပ်အတိုင်း ထားပြီး ဆွေးနွေးမှုအပေါ် မွတ်စလင်တွေဘက်က မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံမယ်ဆိုရင် မွတ်စလင်တွေအတွက် သန်ခေါင် စာရင်းကို ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"မနေ့က လ.ဝ.က ဒုဝန်ကြီးလာပြီးတော့ ဘူးသီးတောင်၊မောင်တောမှာ ဆွေးနွေးတယ် ၊ဆွေးနွေးတယ် ဆိုတော့ သူတို့က အစိုးရလည်း ဘင်္ဂါလီလို့ ထည့်မယ်ဆိုတဲ့အခါကျတော့လည်း သူတို့က မဟုတ်ဘူးပေါ့ ၊တခါ ရိုဟင်ဂျာဆိုတာလည်း ငါရိုဟင်ဂျာဆိုတာလည်း ဘယ်ကဆင်းလာတာလည်းဆိုတာ တချို့လူတွေ ကမသိဘူး၊ အခုနောက်လ ၅ ရက်နေ့ကိုကောက်ဖို့ စီစဉ်နေတယ်၊ ဘယ်လိုကောက်မလဲတော့ အဖြေတစ်ခုတော့ထွက်လာပါမယ်"

ဒါပေမယ့် မွတ်စလင်အချို့က ဘင်္ဂါလီလူမျိုးအဖြစ် စာရင်းပေးသွင်းခဲ့တာတွေရှိသလို၊ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်း မှာလည်း ဘင်္ဂါလီလူမျိုးအမည်နဲ့ စာရင်းလာသွင်းသူ ၆ဝဝဝ ကျော်ရှိတယ်လို့လည်း ဗဟိုသန်ခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

NATIVE

နေရပ်- BURMA

They,always looking for problem,create problem, and illegal groups. Do not dream when our going to democracy we do not accept you. they are foreigner ,they are FRC, but we can live together and you will get human rights (burma human rights, not foreign human rights). All burma natives have loved them long time ago. our grandfather and grand mom, our parents and we have known where our grandfather and grand mom came from. that is. is.

May 01, 2014 05:56 PM

ဆိုက်တခုလုံးသို့