ရခိုင်အရေးဖြေရှင်းဖို့ အမေရိကန် သံအမတ်ကြီးပြောဆို

2014-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်ပဋိပက္ခတွေချုပ်ငြိမ်းအောင် မြန်မာအစိုးရ ကိုယ်တိုင် ထိထိရောက်ရောက် ဖြေရှင်းဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ အသံအမတ်ကြီး မစ္စ် ဆမန်သာပါဝါ (Samantha Power) က မနေ့က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ပတ်သက်လို့ သူ့ရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်အကြောင်း အစီရင်ခံတင်ပြအပြီးမှာ အမေရိကန်သံအမတ်ကြီးက အခုလိုပြောလိုက်တာပါ။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ် ကြောင်း၊ ဒါပေမယ့် ရခိုင်ပြည်နယ်ကိစ္စကို မြန်မာအစိုးရက ထိထိရောက်ရောက်ဖြေရှင်းပေးမှုမရှိရင် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နိုင်မှာမဟုတ်သလို၊ လူတွေပိုမိုအသက်ဆုံးရှုးံပြီး အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ မစ္စ် ဆမန်သာပါဝါ-က ပြောပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ခရီးမှာ အဆင်ပြေချောမွေ့အောင်နဲ့ အကြမ်းဖက်မှုတွေပိုပြီးဖြစ်မလာအောင် မြန်မာအစိုးရအနေနဲ့ အရေးပေါ်ဆောင်ရွက်မှုတွေလုပ်ရ မယ်လို့ သူကပြောပါတယ်။

အခြား ကုလသမဂ္ဂဆိုင်ရာအရာရှိတွေကလဲ  မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေဟာ နိုင်ငံရေးနဲ့ စီးပွါးရေးပြုုပြင်ပြောင်း လဲမှုတွေကိ ုထိခိုက်စေလိမ့်မယ်လို့ သတိပေးပြောဆိုကြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီးကတော့ ရခိုင်ပြည်နယ်ကဖြစ်ရပ်တွေနဲ့ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စတွေအပေါ် မနေ့က ဆွေးနွေးပွဲမှာ အထူးစိုးရိမ်စွာပြောဆိုခဲ့ကြသလို ၊ တောက်လျှောက် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ တချို့ကိုယ်စားလှယ်တွေက ချီးကျူးပြောဆိုကြတယ်လို့ဆိုပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့