ရိုဟင်ဂျာတွေ အမြန်ဆုံးပြန်ပို့ရေး ဗြိတိန် ဝန်ကြီး ပြောကြား

2018-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယဝန်ကြီး Boris Johnson နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina တို့ တွေ့ဆုံစဉ်
ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယဝန်ကြီး Boris Johnson နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina တို့ တွေ့ဆုံစဉ်
Photo: Focus Bangla

ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယဝန်ကြီး Boris Johnson ဘောရစ် ဂျွန်ဆင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို အလျှင်အမြန် စတင်ဖို့ လိုအပ်ပါတယ်။ အဲဒီ ပြန်ပို့ရေး ကိစ္စ နှောင့်နှေး ကြန့်ကြာတာနဲ့အမျှ အခြေအနေတွေ ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရှိတ် ဟာစီနာနဲ့ ဒါကာမြို့မှာ  သောကြာနေ့ ညနေက တွေ့ဆုံဆွေးနွေး စဉ် အတွင်း ဗြိတိန်ဝန်ကြီးက အခုလို  ပြောကြားခဲ့တာပါ။ ဝန်ကြီးချုပ် ဟာစီနာကလည်း အလားတူရှုမြင်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် အဲဒီ ဒုက္ခသည်တွေ နေရပ်ပြန်ရောက်ပြီး နောက်ပိုင်းမှာလည်း သူတို့ကို  ကူညီစောင့်ရှောက်ရေး အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို  မြန်မာအစိုးရအနေနဲ့ ခွင့်ပြုသင့်ကြောင်း သူတို့ ၂ ဦးလုံး က ယူဆကြတယ်လို့  ဝန်ကြီးချုပ်ရုံး ပြန်ကြားရေးအရာရှိ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ဒုက္ခသည် ၁ သန်းကျော်ကို စောင့်ရှောက်ထားရတာဟာ သူတို့နိုင်ငံ အတွက် ဧရာမ ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်နေကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြဿနာ အဆုံးသတ်ရေးအတွက် ရိုးသားပွင့်လင်းစွာ ဆောင်ရွက်ဖို့လိုကြောင်းနဲ့ ကိုဖီအာနန် အစီရင်ခံစာပါ အချက်တွေကို အကောင်အထည်ဖေါ်ဖို့ အရေးကြီးကြောင်း စသဖြင့်လည်း ပြောဆိုတယ်လို့ ဒါကာတရီဗြွန်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ရိုဟင်ဂျာတွေရဲ့ ဆင်းရဲဒုက္ခဟာ မိမိတို့ မျက်မှောက်သမိုင်းမှာ အဆိုးဝါးဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုက်မှုကြီး တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဆက်လက်သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမယ်လို့ လန်ဒန် တယ်လီဂရဖ် သတင်းစာက ဖေါ်ပြပါတယ်။

ဒီအတောအတွင်း မြန်မာ ကက်သလစ်ကာဒီနယ် ဘုန်းတော်ကြီး မောင်ဘိုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ မွတ်စလင်တွေအနေနဲ့ မြန်မာပြည်ကို ပြန်ဖို့မနီးစပ်ကြောင်းနဲ့ လက်ရှိသတင်းတွေအရ အဲဒီသူတွေ လူမျိုးတုံး ရှင်းလင်းမှုနဲ့ တွေ့ကြုံရင်ဆိုင်ပြီး ရခိုင်ပြည်နယ်က မှောင်းထုတ်ခံခဲ့ရတယ်ဆိုတာ မှန်ကန်ဖွယ်ရှိကြောင်း ဗာတီကန် မှာ မနေ့က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ သူက မြန်မာပြည်ဖွဲ့စည်းပုံ ဥပဒေအရ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်ကို အုပ်ချုပ်အမိန့်ပေးခွင့်လည်း မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ဗြိတန်‌‌ရေ

မင်‌းတို‌မွေခဲတဲ့မီး
မင်‌းတို့ငြိမ်‌း‌အောင်‌လုပ်‌ပါ

မင်‌းတို့‌ခေါ်လာတဲ့ ဘင်္ဂလား‌တွေကို
မင်‌းတို့ ‌တွေ ဘင်္ဂလားကိုပြန်‌ပို့နိုင်‌‌အောင်‌

တနည်‌းအား ဘင်္ဂလီမကြီးရဲ့သားသားမီး၂‌တွေကို
ဘင်္ဂလီမကြီးပဲတာဝန်ယူပါ‌စေ

Feb 10, 2018 02:21 AM

ဆိုက်တခုလုံးသို့