ဘာဆန်ချာကျွန်းရောက် ရိုဟင်ဂျာတွေ မိသားစုထံ လည်ပတ်ခွင့်ရ

2021.12.01
Share on WhatsApp
Share on WhatsApp
ဘာဆန်ချာကျွန်းရောက် ရိုဟင်ဂျာတွေ မိသားစုထံ လည်ပတ်ခွင့်ရ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၂ဝ ဒီဇင်ဘာလက ဘာဆန်ချာကျွန်းသို့ ပို့ဆောင်ခဲ့စဉ်။
File Photo: Reuters

ရာသီဥတု ပြင်းထန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာဆန်ချာကျွန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ လည်ပတ် တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက နှစ်သောင်းလောက်ဟာ ဘာဆန်ချာကျွန်းကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အပို့ခံခဲ့ရတာပါ။

အဲဒီအထဲက ၆၈ ဦးကို အင်္ဂါနေ့က ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနဲ့ စစ်တကောင်း ဒေသကို ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

တစ်လကို အနည်းဆုံး ၂ ကြိမ် ကျွန်းကလူတွေ မိသားစုတွေဆီ လည်ပတ်ခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့