မြန်မာဘက်က အမြောက်ကျည်ကြောင့် ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံး၊ အနည်းဆုံး ခြောက်ဦး ဒဏ်ရာရ

2022.09.17
မြန်မာဘက်က အမြောက်ကျည်ကြောင့် ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံး၊ အနည်းဆုံး ခြောက်ဦး ဒဏ်ရာရ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာဘက်က မနေ့က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံးပြီး အနည်းဆုံး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် နယ်စပ်အနီး ဒုက္ခသည်စခန်းတွေ မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အထိတ်တလန့်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်ဒေသကို လုံခြုံအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာဘက် ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ Faizur Rahman က ပြောပါတယ်။

ဒီလအစောပိုင်းကလည်း မြန်မာဘက်က လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲမှုနဲ့ လေကြောင်းပိုင်နက် ချိုးဖောက်မှုေွအတွက် ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ၃ ကြိမ်တိုင်တိုင် ဆင့်ခေါ်ပြီး စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ သန်းကျော် နေထိုင်နေပြီး အများစုဟာ ၂ဝ၁၇ ခုနစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာသူ တွေ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။