လူဦးရေ ၃ ထောင်ကျော် ရေဘေး ကယ်ဆယ်ရေးစခန်း မှာ ပြောင်းရွှေ့နေရ


2017.07.08
sagaing-flooding-620.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်နေတာကြောင့် ရေဘေး သင့်ပြည်သူတွေကို ပြောင်းရွှေ့ပေးနေတာကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်က လူဦးရေ ၃ ထောင်ကျော် ဟာ ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ သိရပါတယ်။

မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေက ဒေသခံတွေဟာ ရေဘေး လွတ်ရာကို ပြောင်းရွှေ့နေရသလို အိမ်ပါဖျက်ပြီး ပြောင်းရွှေ့ခဲ့ရတာတွေလည်းရှိတယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနမှူး ဦးစဝီလီဖရန့်စ်က ပြောပါတယ်။

"ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းတို့ပေါ့နော်၊ ရွှေ့ပြောင်းရတဲ့ ဘေးသင့် အိမ်ထောင်စုက ၆၁၉ အိမ်ထောင်စုပေါ့နော်၊ ဟုမ္မလင်းမှာ ၂၁ အိမ်၊ ဖောင်းပြင်မှာ ၄ အိမ် သူတို့အိမ်ပါ ဖျက်ပြီးတော့ ရွှေ့ရတဲ့ အနေအထားရှိတာပေါ့နော်၊ မြေနုကျွန်းမှာ သူတို့က သွားနေတဲ့သဘော မျိုးဖြစ်တော့ ရေလမ်းကြောင်းကျပြီးတော့ ဖျက်ရွှေ့လိုက်ရတာ"

ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေကို ဖွင့်လှစ်ထားရတာကြောင့် ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ စာသင်ကျောင်း ၃၆ ကျောင်းကို ယာယီပိတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။