SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ အခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Bernama သတင်းဋ္ဌာနက ဖော်ပြပါတယ်။
2012-09-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၃ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပမည့်  အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် အားကစားရုံကြီး တည်ဆောက်နေသည်ကိုတွေ့ရစဉ်။
၂၀၁၃ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် အားကစားရုံကြီး တည်ဆောက်နေသည်ကိုတွေ့ရစဉ်။
RFA

တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင် ဆန့်တဲ့ ဇမ္ဗူသီရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ် ပြိုင်ပွဲအမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း မလေးရှား Banama သတင်းက ဖော်ပြပါတယ်။ တစ်ချိန်က မြန်မာဟာ အားကစား အရာမှာ ဒေသတွင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပေမဲ့ စစ်အစိုးရ အဆက်အဆက် နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။

ကွန်မင့်များ (2)
Share

ုကိုမင်းမင်း

နရေပျ- ကော့ကောင်းမြို့ 

ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ ကိုယ့်နိုင်ငံမှာ ဒီလိုကမ္ဘာ့အဆင့်မှီ အားကစား ရုံကြီးတွေရှိနေတော့ ဂုဏ်ယူဝမ်းသာမိတာတော့အမှန်ပါပဲ နောက်တချက်က အိမ်ရှင်ဖြစ် လက်ခံကျင်းပပြီးလျှင် ချန်ပီယံ ဖြစ်ဖို့က အဒိကပါပဲ ဖြစ်လဲဖြစ်သင့်ပါတယ်။

Sep 17, 2012 09:45 AM

နေဘုဏ်းညို

နရေပျ- ရန်ကင်း) (မန္တလေးတိုင်းဒေသကြီး

အားကစားရုံကြီးတွေ ပြီးတော့မယ်ဆိုတော့ရင်ထဲမှာ ဝမ်းသားပီတိဖြစ်မိပါတယ် ဒါပေမယ့် တိုင်းကြီး ၇ တိုင်းလုံးမှာ အဲဒီလိုအားကစားရုံကြီတွေ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာမှာ အားကစားနဲ့ပတ်သတ်လို့ဘာမှကို ပြောစရာမလိုအောင်ဖြစ်နေလိမ့်မယ်လု့ိ ယုံကြည်နေပါတယ်။

Sep 15, 2012 07:39 PM

ဆိုက်တခုလုံးသို့