မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စေလွှတ်ရေး အမေရိကန် ဆီးနိတ် ကြားနာပွဲ ပြုလုပ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားတဲ့ အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Derek Mitchell ရဲ့ ကြားနာပွဲကို အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ နိုင်ငံခြားရေးရာ ဆပ်ကော်မတီမှာ မနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

2011-06-30
Share
mitchell_derek_us_defense_305_z.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားသော အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Derek Mitchell ဖြစ်ပါသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန

မြန်မာ အစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံသွားမယ်လို့ အဲဒီကြားနာပွဲမှာ Mr. Mitchell က ပြောပါတယ်။

ကျနော်ကို အတည်ပြုလိုက်ပြီဆိုရင် ကျနော်အနေနဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်မယ့် အခွင့်အလမ်းတွေကို ကြိုးစား ရှာဖွေမှာပါ။ ဒါဟာ အမေရိကန်ရဲ့ သတ်မှတ်ချက် တန်ဖိုးတွေနဲ့ နိုင်ငံ အကျိူးစီးပွားကို မြှင့်တင့်တဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ရှေ့ဆက်ပြီး အပြုသဘောဆောင် ဆက်ဆံသွားဖို့ ဖြစ်ပါတယ်။ ဒါအပြင် လုံခြုံပြီး ချမ်းသာဝပြောတဲ့ နိုင်ငံအဖြစ် ရောက်ဖို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက် အပေါ်မှာ အမေရိကန်က ကူညီပံပိုးတဲ့ သဘောလည်း ဖြစ်တယ်လို့ ပြောသွားတာပါ။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ John Kerry ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်မယ့် ကိစ္စဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာဖို့ အတွက် အခွင့်အလမ်း တခုပဲလို့ ပြောပါတယ်။

Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် အဖြစ် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က အတည်ပြုဖို့ အတွက် အခုလို ကြားနာစစ်ဆေးပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့