တပ်တွင်း ထိုးကြိတ်မှု အရေးယူမယ်

2016-02-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ နှစ်ကြီးသမားတွေက တပ်သားသစ်တွေကို ထိုးနှက်ကန်ကျောက်နေစဉ်
တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ နှစ်ကြီးသမားတွေက တပ်သားသစ်တွေကို ထိုးနှက်ကန်ကျောက်နေစဉ်
Photo: Friends of Moemaka's

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော် သင်တန်းကျောင်းတစ်ခုမှာ သင်တန်းသားအချင်းချင်း နှစ်ကြီးသမားတွေက လူသစ်တွေကို လူ့ဂုဏ်သိက္ခာမဲ့စွာ ပြင်းပြင်းထန်ထန် ထိုးကြိတ်နှိပ်စက်နေတဲ့ ဗီဒီယိုမှတ်တမ်းဖိုင်သုံးခု ပျံ့နှံ့ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူမှာဖြစ်တယ်လို့ မြန်မာ့တပ်မတော်ပိုင် မြဝတီဖေ့စ်ဘုတ်စာမျက်နှာမှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။

တပ်မတော်ရဲ့ ကြေညာချက်မှာ အခုလို လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို ဖိုင်တွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်စေရန်အတွက် အဲဒီကိစ္စဖြစ်ပွားခဲ့တဲ့ သက်ဆိုင်ရာ တပ်မတော် သင်တန်းကျောင်းကို  ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မှာ ဖြစ်စဉ်မှန်ကန်ကြောင်း တွေ့ရှိရတဲ့အတွက် ပြစ်မှုကျူးလွန်ရာမှာပါဝင်သူတွေနဲ့ တာဝန်ရှိသူတွေ ကို တပ်မတော်ရဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ပါရှိပါတယ်။

ကွန်မင့်များ (4)
Share

အရွင္ပညာသီဟ

နေရပ်- ဇီး ကုန္း ျမိ့ဳ

လက်နက်ကိုင်အဖွဲ့အစည်းမှာcharacterအရေး
အကြီးဆုံးပဲ။

Feb 20, 2016 08:41 AM

အမည်မဖော်လိုသူ

သူတို့ အဘ တွေ လုပ်သ လို လိုက် လုပ် တာပါ

Feb 19, 2016 09:27 PM

အမည်မဖော်လိုသူ

တကယ်လား။ လူမြင်ကောင်းရုံ လေး ရုပ်ပြပဲ လုပ်မှာလား စေါင့်ကြည့်ကြရမယ်။ တိုင်းဗဟိုရ် လေ့ကျင့်ရေး မှာနေလာတာ ပါလီမန်ခေတ်က ဒီလို အပြစ်ဒါဏ်ပေးတာ မရှိခဲ့ဘူး။ ဒါ ဒီတနေရာ တည်း ဖြစ်နေတာ မှုတ်ဘူး စစ်တက္ကသိုလ် မှာလဲ ဒီလိုပဲ တာဝန်ရှိသူတွေ မသိချင်ယောင် ဆောင်နေတာ။ တချို့စီနီယာ ဆိုရင် "မင်းလားကွ တိုင်းမှူးသား" ဆိုပြီး တမင်ထိုးကြိတ်တာ တွေ လုပ်ခဲ့တယ်။

Feb 19, 2016 08:09 PM

ကိုဂြ်န္

ဒီကိစ္စနဲ့ပတ်သက်ပြီါ် အမြန်ဆုံးအရေးယူသင့်ပါတယ်။ သတင်းကပြောက်သွားလိုက် ပေါ်လာလိုက်နဲ့ဖြစ်နေပါတယ်။ အရေးယူရင်လည် ပြည်စူလူထုကိုဖင်သာမြင်သာဖြစ်အောင်ရှင်းလင်းပွဲလုပ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျယ ဒါမှ ဥပဒေစိုးမိုးမှုရဲ့သက်သေဖြစ်မှာပါ။

Feb 19, 2016 02:52 AM

ဆိုက်တခုလုံးသို့