တပ်တွင်း ထိုးကြိတ်မှု အရေးယူမယ်

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော် သင်တန်းကျောင်းတစ်ခုမှာ သင်တန်းသားအချင်းချင်း နှစ်ကြီးသမားတွေက လူသစ်တွေကို လူ့ဂုဏ်သိက္ခာမဲ့စွာ ပြင်းပြင်းထန်ထန် ထိုးကြိတ်နှိပ်စက်နေတဲ့ ဗီဒီယိုမှတ်တမ်းဖိုင်သုံးခု ပျံ့နှံ့ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူမှာဖြစ်တယ်လို့ မြန်မာ့တပ်မတော်ပိုင် မြဝတီဖေ့စ်ဘုတ်စာမျက်နှာမှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။

တပ်မတော်ရဲ့ ကြေညာချက်မှာ အခုလို လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို ဖိုင်တွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်စေရန်အတွက် အဲဒီကိစ္စဖြစ်ပွားခဲ့တဲ့ သက်ဆိုင်ရာ တပ်မတော် သင်တန်းကျောင်းကို ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မှာ ဖြစ်စဉ်မှန်ကန်ကြောင်း တွေ့ရှိရတဲ့အတွက် ပြစ်မှုကျူးလွန်ရာမှာပါဝင်သူတွေနဲ့ တာဝန်ရှိသူတွေ ကို တပ်မတော်ရဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ပါရှိပါတယ်။