တရုတ်ပိုက်လိုင်းတစ်လျှောက် ဆုံးရှုံးနစ်နာမှုတွေ တင်ပြ ဖို့ ကျောက်ဖြူဒေသခံတွေ ဆုံးဖြတ်

2013-07-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ရွှေသဘာဝ  ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက် က ဒေသခံတွေရဲ့ နစ်နာမှုတွေကို  သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်ကို တင်ပြတောင်းဆိုဖို့ ကျေးရွာပေါင်း ၂ဝ ကျော်နဲ့ လူမှုအဖွဲ့အစည်း ၃ ခုက တာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်လိုက်ကြပါတယ်။

ကျောက်ဖြူမြို့နယ် ကြက်တိန်ကျေးရွာမှာ မနေ့ကကျင်းပတဲ့ အဲ့ဒီအစည်းအဝေးမှာ  အချက် ၃ ချက် ချမှတ်တောင်းဆို သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရွှေသဘာဝဓာတ်ငွေ့  စောင့် ကြည့်လေ့လာရေးအဖွဲ့က ဦးထွန်းလွင်က RFA ကို အခုလို ပြောပါတယ်။

"ပိုက်လိုင်းတစ်လျှောက်မှာ ထိခိုက်နစ်နာမှု ရှိတဲ့ဟာတွေကို  ဆောင်ရွက်ပေးဖို့ရယ်၊ နောက် တစ်ချက်က စာသင်ကျောင်း၊ ဆေးပေးခန်း နဲ့  သောက်သုံးရေရရှိမဲ့ကိစ္စတွေမှာ ဆောင်ရွက်ပေးဖို့ရယ်၊ နောက်တစ်ခုက  ရွာရှိတဲ့လမ်းတွေမှာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးဖို့ရယ်ဆိုပြီး အဲဒီ ၃  ချက်ကိုတောင်းဆိုဖို့ သူတို့ဆုံးဖြတ်ခဲ့ကြတယ်”

သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့နေရာတစ်လျှောက် သိမ်းပိုက်ထားတဲ့တစ်ချို့ မြေယာတွေအတွက် လျော်ကြေးငွေ အပြည့်အဝ မရရှိသေးတာတွေ၊ လယ်ယာမြေ ထိခိုက်ပျက်စီးမှုရှိနေတာတွေ၊ ပိုက်လိုင်းကြောင့် ရေအရင်းအမြစ် ဆုံးရှုံးမှုဖြစ်ပေါ်နေတာတွေ၊ လျှပ်စစ်မီးရရှိရေးကိစ္စရပ်တွေစတဲ့ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ဆွေးနွေးအဖြေရှာခဲ့ကြတာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ဒါ့အပြင် ထိခိုက်နစ်နာမှုတွေအတွက် တောင်းဆိုဖို့ဒေသခံ ၁၈ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ်ကို အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။

ကွန်မင့်များ (2)
Share

အေ၀းမွဳန္

နေရပ်- ခလုတ္ခသင္း

ခုတောင်းဆိုတာတွေ အမြန်ရမှာပါ။ ပေးပြီးတာနဲ့ ဒေသခံတွေက သဘောတူတယ်ဆိုပြီး လုပ်ချင်တာတွေ ဆက်လုပ်ပါလိမ့်မယ်။

Jul 24, 2013 04:58 PM

CORRUPTION

ဒီလိုပါဘဲ။ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အရင်းရှင်တွေ လက်သိပ်ထိုး လုပ်စားနေတာုကတာပါ။ စနစ်တွေ ဘယ်လောက်ကောင်းကောင်း စနစ်ကိုအကောင်ထည်ဖော်တဲ့ ယန္နယားထဲက လူတွေမကောင်းရင်၊ အဲ့ဒီအုပ်ချုပ်တဲ့သူတွေကို ဥပဒေက မထိန်းသိမ်းနိင်ရင် ပြည်သူနဲ့တိုင်းပြည်ဆက်ပြီး ထိခိုက်နစ်နာနေအုံ့းမှာဘဲ။

Jul 24, 2013 10:31 AM

ဆိုက်တခုလုံးသို့