SNLD ပါတီ မှတ်ပုံပြန်တင်ရေး မကြာမီ ဆုံးဖြတ်မည်

၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက လွှတ်တော် ကိုယ်စားလှယ် ဒုတိယ အများဆုံး ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက ပါတီ မှတ်ပုံပြန်တင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စတွေကို ဒီရက်ပိုင်း အတွင်း ဆုံးဖြတ်မယ်လို့ SNLD ပါတီက ပြောပါတယ်။

2012-01-18
Share
khun-tun-oo-b305 SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်လာပြီး နောက်ပိုင်း တွေ့ရစဉ်။
RFA (Shan TV)

ဒီလို ဆုံးဖြတ်နိုင်ဖို့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို ရက်ပိုင်း အတွင်း ပြုလုပ်မှာ ဖြစ်ပြီး SNLDပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာပြီးနောက် အခုလို ဆုံးဖြတ်ကြတာလို့ SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“ကျွန်တော့် တစ်ယောက်တည်း သဘောအရ ဆိုရင်တော့ အခုသွားနေတဲ့လမ်းကြောင်း အကုန်လုံးက ရွေးလမ်း ဘာမှ သိပ်မရှိဘူး။ တရားဝင် နိုင်ငံရေးပါတီ တစ်ခု အဖြစ် လျှောက်ထားပြီး ရပ်တည်မှသာလျှင် လှုပ်ရှားလို့ရမယ်လေ။ အဲဒါကြောင့်မို့ အားလုံးရဲ့ဆန္ဒကို သိရအောင် နက်ဖြန် သန်ဘက်ခါလောက်ကို စီအီးစီ အစည်းအဝေး စတင်မှာ ဖြစ်ပါတယ်။ စီအီးစီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့မှ မှတ်ပုံတင် ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စတွေကို ကျွန်တော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်”

ဒီအတောတွင်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လာရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဦးခွန်ထွန်းဦးကို ဒီကနေ့လာရောက် ကမ်းလှမ်းခဲ့ပေမယ့် ဦးခွန်ထွန်းဦး ကတော့ မိမိတို့ SNLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ကိုသာ လိုက်နာ ဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

ဦးခွန်ထွန်းဦးနဲ့ RFA တွေ့ဆုံမေးမြန်းချက်ကို ဦးကျော်မင်းထွန်းက ပြန်လည်တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့