သံတွဲမြို့မှာ ရှစ်လေးလုံးနေ့ ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံရ


2013-08-08
Share
solo-protest-thanwe-305.jpg သိမ်းထားတဲ့ လယ်ယာမြေပြန်ပေးဖို့ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ တစ်ကိုယ်တော်ဆန္ဒပြနေသော ကိုစိုးဝေ ကိုတွေ့ရစဉ်
photo: RFA/ Min Thein Aung

ဒီကနေ့ ကျရောက်တဲ့ ၈လေးလုံးငွေရတုနေ့ အထိမ်းအမှတ်အနေနဲ့ တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီကနေ့ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖေါ်တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့ခံတစ်ဦးဖြစ်သူ ကိုစိုးေကို ဒေသခံရဲတွေက အတင်းအဓမ္မ ကားပေါ်တင်ပြီး ဖမ်းဆီးလိုက်ပါတယ်။

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး ဒီကနေ့ နေ့လည် ၂ နာရီအချိန်ကစတင်ကာ သံတွဲလေဆိပ်ကနေ ငပလီလမ်းဆုံအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြရာ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ မျက်မြင်တစ်ဦးဖြစ်သူ သံတွဲမြို့ခံ ကိုမိုးမြင့်က RFA ကိုပြောပါတယ်။

"သူက ၂ နာရီကတည်းက စထွက်တယ်၊ စထွက်ပြီးတော့ ပါးစပ်ကလည်းအော်တယ်၊ မြေသိမ်း ယာသိမ်း အခုပြန်ပေး ဆိုပြီးတော့ အော်ပြီးထွက်လာတယ်၊ အဲဒါနဲ့ လမ်းလျှောက်လာတော့ ၁၅ မိနစ်လောက် လျှောက်လိုက်ရတယ်၊ ငပလီရဲရိပ်သာရှေ့ရောက်တဲ့အခါ ကားတစ်စီးက အဆင်သင့်အနောက်ကနေ ကပ်ပါလပြီး လာလာအကိုကားပေါ်တက်ပါဆိုပြီးတော့ ကားနဲ့တင်ခေါ်သွားတယ်"

အာဏာပိုင်တွေနနဲ့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြသူ ကိုစိုးဝေကို ဂျိတ်တောရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှာ ကမ်းခြေတစ်လျှောက် ဟိုတယ်တွေဆောက်မယ်ဆိုပြီး စစ်တပ်အဆင့်မြင့်အရာရှိတွေ သိမ်းဆည်းထားတဲ့ အုန်းခြံနဲ့ မြေယာတွေ ဧကပေါင်းသောင်းချီရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့