SSA တပ်တွေ တာဖာဆောင်းစစ်စခန်းကို ဆုတ်ခွာပေး

2014-10-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်တပ်မတော် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ်
ရှမ်းပြည်တပ်မတော် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ်
(Photo: AFP)

ရှမ်းပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးသီးမြို့နယ်ထဲက တာဖာဆောင်းတပ်စခန်းကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့က ဆုတ်ခွာပေးလိုက်တဲ့အတွက် နှစ်ဖက် ပစ်ခတ်မှုတွေ ရပ်စဲသွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ မနက်လင်းအားကြီးအချိန်ကစပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချူပ် ၂ လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက် လာပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူခဲ့ပြီး တာ့ဖာဆောင်းတပ်စခန်းကို ဆုတ်ခွာပေးလိုက်တာဖြစ် တယ်လို့ SSPP အထွေထွေအတွင်းရေးမှူး ဦးခွန်ဆမ် က ပြောပါတယ်။

"ဒီနေ့မနက် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်ပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျနော်တို့ က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကို အလေးထားတယ်၊ ဒါကြောင့် စစ်ရေးနဲ့ ဖြေရှင်းနည်း ဟာ ဖြေရှင်းနည်းမဟုတ်ဘူး၊ နှစ်ပေါင်း ၆ဝ ကလည်း ဖြေရှင်းလာခဲ့ပြီ၊ ဘယ်သူ့ဘယ်သူမှ မနိုင်ဘူး၊ ကောင်းမွန် တဲ့ရလာဒ်လည်း မထွက်လာဘူး၊ ကျနော်တို့ကဆုတ်ဖို့ ဆုံဖြတ်လိုက်တယ်၊ ပဋိပက္ခ မကြီးထွားလာအောင်လို့၊ အဲ့ဒါပါပဲ"

SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့အကြောင်း အထွေထွေအတွင်းရေးမှူး ဦးခွန်ဆမ်က နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်ထံ တယ်လီဖုန်းနဲ့ အကြောင်းကြားပေးခဲ့ပြီး အစိုးရဘက်က တစုံတရာ တုန့်ပြန်ပြောဆိုတာ မရှိသေးဘူးလို့လည်း ဆက်ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က နှစ်ယောက်ကျဆုံးပြီး သုံးယောက်ဒဏ်ရာရခဲ့သလို အစိုးရတပ်ဖွဲ့ဘက်က ငါးယောက်ကျဆုံးပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဦးခွန်ဆမ်က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ၂၀၁၂ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

ငိမ်းချမ်းရေး

နရေပျ- လုပ်စားတဲ့သူတွေ

ဒါ ကျနော်တို့ဒေသကို ကျနော်တို့ ကာကွယ် တာလေ။ ဗမာပြည်ကို ကျနော်တို့ သွားတိုက်နေတာ မဟုတ်ဘူး။ အဲ - ကျနော်တို့ နေစရာစခန်းမရှိတော့ရင်တော့ သွားတိုက်ရမှာဘဲ။
http://www.thithtoolwin.com/2014/10/ssppssa_72.html
တိုင်းရင်းသားများကို သတ်ဖြတ်၊ မိန်းကလေးများကို မုဒိမ်းကျင့်
နှစ်ပေါင်းများစွာ အမြစ် တွယ် နေတဲ့ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေက ဆက်လက်ကြီးထွားနေဆဲဖြစ်ပြီး အစိုးရက ထိထိ ရောက် ရောက် ကိုင်တွယ်အရေးယူတာမျိုး မရှိသေးတာ၊ တရားစီရင်ရေး ကဏ္ဍမှာလည်း အုပ်ချုပ်ရေးက ဝင်ရောက် ကြီးစိုး စီမံ ခန့်ခွဲနေပြီး အကျင့်ပျက်ခြစားမှုများ ရှိနေဆဲမို့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူးဆိုတာ နိုင်ငံတကာ သဘောပေါက်နေကြပြီ။

Oct 04, 2014 12:37 PM

အောင်တင်

တိုင်းရင်းသားလူကြီးတွေလည်း ခလေးတွေနဲ့ဆက်ဆံရပေမဲ့ အခုလိုအမျှော်အမြင်ကြီးကြီးထားပြီး သည်းခံလုပ်ဆောင်ပေးနေတာကို လေးစားမိပါတယ်။

Oct 04, 2014 09:16 AM

အမည်မဖော်လိုသူ

အနှစ် ၆ဝ ကျော် အတွင်း မြန်မာစစ်တပ်ဟာ အကျင့်ပျက် ခြစား ၊ တိုင်းရင်းသား ကို အ နိုင်ကျင့် ပြီးသတ် ၊ မုဒိန်းကျင့် ၊ လူကျင့်ဝတ် ချိုးးဖောက်လိုက်တာ ခုဆိုရင် RSO ဘင်္ဂါလီတွေကတောင် ပုခုံးချင်း လာယှဉ်ခံရတဲ့အဆင့် ရောက်ရပြီ။

Oct 04, 2014 05:26 AM

ဆိုက်တခုလုံးသို့