ရှမ်းပြည်နယ်မှာ မုန်တိုင်းများကြောင့် အနည်းဆုံး ၇ ဦးသေဆုံး

ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးသည်းထန်ပြီး လေပြင်းတွေ ကျရောက်လို့ သစ်ပင်တွေကျိုး အိမ်တွေ ပျက်စီးပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

2011.04.26

သံလွင်မြစ် အရှေ့ဖက်ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်နဲ့ အသစ် တိုးချဲ့ထားတဲ့ မုန်းထားမြို့နယ်ခွဲ တွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကနေစပြီး ၃ ရက်ကြာ မုန်တိုင်းတိုက်ခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA ရဲ့ ရှမ်းတိုင်းရင်းသားဘာသာ စီစဉ်ထုတ်လွှင့်သူ ကိုစိုင်းမိန်းက အခုလို ပြောပါတယ်။

နေရာအတော်များများမှာ မုန်တိုင်းကြောင့် သစ်ပင်နဲ့ အိမ်များ ပြိုလဲပြီး လူတွေ သေဆုံးရတဲ့အပြင် တောင်ပိုင်းက တချို့နေရာတွေမှာ မိုးသီးတွေ ကျလို့ သက်ကယ်မိုးတွေ ပေါက်ကုန်ပြီး နေစရာမရှိအောင် ဒုက္ခရောက်ကြရတယ်လို့ သူက ပြောပါတယ်။

ပျက်စီးသွားတဲ့ လူနေအိမ်တွေထဲမှာ လားဟူ ပြည်သူ့စစ်ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ တပ်ဝင်းလည်း ပါတယ်လို့ ဆိုပါတယ်။ အဲဒီနေရာတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ရွှေတြိဂံ တိုင်းမှူး သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပေမဲ့ ခုထိ အကူအညီပေးတာ မရှိသေးဘူးလို့ ကိုစိုင်းမိန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။